Main menu

Background

အဝင်အေးဈေးအေးတဲ့ နနွင်းဈေးကွက်

Mon, 02/06/2012 - 07:06 -- Anonymous (not verified)

            ရှမ်းနနွင်းကတော့ ဈေးအေးနေတာ ၂ နှစ်လောက်ရှိနေပါပြီ။ ဒီနှစ်နနွင်းကလည်း အရောင်းသမားသာ ရှိပြီး၊ အဝယ် သမားမရှိတာကြောင့်ဈေးကွက်ကိုလည်း အနည်းအကျဉ်းလောက်သာအဝင်ရှိနေပါသေးတယ်။ ကလောနယ်တစ်ဝိုက်က ထွက် တဲ့ နနွင်းတွေသာ လက်လီရောင်းသမားတွေ ဝယ်ယူနေတာကြောင့် ကြိုကြားကြိုကြား သာအဝင်ရှိနေပါတယ်။ အောင်ပန်း ဈေးကွက်ကိုလည်း ပင်လောင်းနနွင်းနဲ့ ဟိုပုံးနနွင်းက အဝင်မရှိသေးပါဘူး    ပင်လောင်းနနွင်းလက်ကျန်တွေက အတော်များများ ကျန်နေသေးတာကြောင့် အသစ်တွေကိုလည်း မဖော် ကြသေးဘူးလို့ သိရပါတယ်။ ပင်လောင်စတွေမှာမှ အဝါစအလှ နနွင်းတက်တွေဆိုရင် တစ်ပိဿာ ၆၀၀ ကျပ် - ၈၀၀ ကျပ်ဈေးရှိပြီး။ ဆင် တောင်နနွင်းကတော့ တစ်ပိဿာ ၁၀၀၀ ကျပ် - ၁၅၀၀ ကျပ်ဈေးရှိပါတယ်။ဧဧခိုင်