Main menu

Background

အမေရိကန်ဒေါ်လာ တစ်သောင်းအထိ ကန့်သတ်ချက်များ မလိုဘဲ လဲလှယ်နိုင်ပြီ

Mon, 02/06/2012 - 07:12 -- Anonymous (not verified)

     ပြီးခဲ့သည့်ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ သိမ်ဖြူရှိငွေလဲကောင်တာများနှင့် ပုဂ္ဂလိကဘဏ်များ၏ ငွေလဲကောင်တာများတွင် အမေရိကန်ဒေါ်လာ ၁၀၀၀၀ အထိကို မည်သည့်ကန့်သတ်ချက်မှမလိုဘဲ ငွေလဲနိုင်ပြီဖြစ်ကြောင်း သိရသည်။ယခင်က ငွေလဲကောင်တာများတွင် ငွေလဲလှယ်လိုပါက နိုင်ငံခြားသားဖြစ် လျှင် ပတ်စ်ပို့ပြရခြင်း၊ ဒေါ်လာ ၂၀၀၀ ကျော်ပါက အကောက်ခွန်ကြေညာလွှာ တင်ပြရခြင်း၊ မြန်မာနိုင်ငံသားဖြစ်ပါက နိုင်ငံခြားငွေရရှိရ ငွေရင်းမြစ်ကိုတင်ပြရခြင်း၊ ဝယ်ယူခြင်းဖြစ်ပါက မည်သည့်ကိစ္စများတွင် အသုံးပြုမည်ဟု သက်သေတင်ပြရခြင်း များရှိခဲ့သော်လည်း ယခုအခါတွင် အမေရိကန်ဒေါ်လာ ၁၀၀၀၀ အထိကို ကန့် သတ်ချက်များတင်ပြရန်မလိုဘဲ လဲလှယ်နိုင်ပြီဖြစ်ကြောင်း သိရသည်။ယင်းညွှန်ကြားချက်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ်၏ ဖေ့စ်ဘုတ်တွင်လည်း တင်ပြထားသည်ကို တွေ့ရသည်။ငွေလဲကောင်တာများ၏ ဈေးနှုန်းသတ်မှတ်မှုကို သိမ်ဖြူငွေလဲကောင်တာမှ အဓိကသတ်မှတ်ပေးခြင်းဖြစ်ပြီး ၎င်းင်းဈေးပေါ်တွင် သတ်မှတ်ထားသော ရာခိုင်နှုန်း အလိုက် ကျန်ကောင်တာများက ဈေးအတင်အချပြုလုပ်ခွင့်ကိုလည်း  ခွင့်ပြုထားပြီး ဖြစ်ရာ အမေရိကန်ဒေါ်လာဈေးနှုန်းတွင် ပြင်ပပေါက်ဈေးနှင့် အနီးစပ်ဆုံးတူညီ သည့်ဈေးနှုန်းများဖြင့် အများပြည်သူတို့ လဲလှယ်နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။ကျန်ငွေကြေးများ၏ ပြင်ပပေါက်ဈေးသည် နိုင်ငံတကာ ငွေလဲဈေးနှုန်းနှင့် မဟုတ်ဘဲ မြန်မာနိုင်ငံ၏ ဈေးနှုန်းပေါ်မူတည်၍ တွက်ချက်မှုများရှိနေသေးသဖြင့် ကောင်တာဈေးများနှင့် ပြင်ပပေါက်ဈေးများသည် အနည်းငယ်ကွာဟမှုများရှိနေ သေးရာယင်းကွာဟမှုများကိုပါ သိမ်ဖြူငွေလဲစင်တာမှ မကြာမီအချိန်တွင် ညှိနှိုင်း သတ်မှတ်ပေးမည်ဖြစ်ကြောင်း အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။                                              မယ်သီတာ