အီးယူဒေသ ခေါင်းဆောင်တွေ အနေနဲ့ ဒေသတွင်း ကြွေးမြီအကျပ် အတည်းနဲ့ပတ်သက်တဲ့ အစည်းအဝေး ကို ဇန်နဝါရီ ၃၀ ရက်မှာ ဘယ်လ် ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မှာ ကျင်းပကြမှာ ဖြစ်ပြီး ၎င်းအစည်းအဝေးမတိုင်မီ ရေနံ စိမ်းဈေးနှုန်း ကျဆင်းသွားတယ်လို့ သိရတယ်။ အီးယူဒေသကြွေးမြီအကျပ်အတည်း ကြောင့် ကမ္ဘာ့စီးပွားရေးကို နှေးကွေး စေကာ ရေနံစိမ်းသုံးစွဲအားကို လျော့ ကျစေမယ်လိ့ု စိုးရိမ်ပူပန်ကြရာ ရေနံ စိမ်းဈေးနှုန်း အားနည်းသွားခြင်း ဖြစ် တယ်။ဒါကြောင့် မတ်လအရောက်ပို့မယ့် ရေနံစိမ်း(WTI oil) က တစ်စည်ကို ၆၄ ဆင့်ကျဆင်းကာ ၉၈ ဒသမ ၉၂ ဒေါ်လာနဲ့ နယူးယောက် ကုန်စည် ရောင်းဝယ်ရေးမှာ အရောင်းအဝယ်ဖြစ် ခဲ့တယ်။မတ်လငွေချေရမယ့် ဘရန့်အမျိုး အစားရေနံစိမ်းမှာလည်း တစ်စည်ကို ၄၀ ဆင့် ကျဆင်းကာ ၁၁၁ ဒသမ ၀၆ ဒေါ်လာနဲ့ လန်ဒန် ICE Futures Europe Exchange မှာ အရောင်း အဝယ်ဖြစ်ခဲ့တယ်။Source:Bloomberg.comပပ
Background