Main menu

Background

တရုတ်နှစ်ကူးပွဲတော်ကာလ ရွှေဝယ်လိုအားနှင့် အမေရိကန် ဗဟိုဘဏ်အတိုးနှုန်း မပြောင်းလဲသည့်သတင်းကြောင့် ရွှေဈေးမြင့်လာ

Mon, 02/06/2012 - 07:17 -- Anonymous (not verified)

                ဇန်နဝါရီ ၃၀ ရက် ဈေးကွက်ဖွင့်ချိန် အစောပိုင်းမှာ ကမ္ဘာ့ရွှေဈေးနှုန်းတွေက ယခင်အပတ်ကထက်  မြင့်မားလာ တယ်။ တရုတ်နှစ်သစ်ကူးပွဲတော်ကာ လအတွင်း ရွှေလက်ဝတ်ရတနာ ဝယ် လိုအား မြင့်မားလာခြင်း၊ အီးယူဒေသ ကြွေးမြီ အကျပ်အတည်းအပေါ် စိုးရိမ် ပူပန်မှုများပိုလာခြင်း၊ အမေရိကန် ဗဟို ဘဏ်က ၂၀၁၄ခုနှစ်အထိ ဘဏ်အတိုး နှုန်းကို အပြောင်းအလဲမလုပ်ဘဲ ယခု နှုန်းထားအတိုင်း  ဆက်ထားမယ်လို့ ကြေညာလိုက်ခြင်းတို့က ရွှေဈေးနှုန်းကို အထောက်အပံ့ပေးခဲ့တယ်လို့သိရတယ်။ဧပြီလအရောက်ပို့ရမယ့် ရွှေကြိုပွိုင့် ဈေးနှုန်းက တစ်အောင်စကို  ၁၇၂၅ ဒသမ ၄၀ ဒေါ်လာ နဲ့ နယူးယောက်ရှိ Comex မှာ နယူးယောက်စံတော်ချိန် နေ့ခင်း ၁း၃၇ နာရီက အရောင်းအဝယ် ဖြစ်ခဲ့ရာ ၂၀၁၁  ဒီဇင်ဘာ ၇ ရက် နောက်ပိုင်း အမြင့်ဆုံးနှုန်းဖြစ်တယ်။Source:Businessweek.comပပ