ဈေးကွက်ပုံမှန်လေးနဲ့ပဲ သွားနေတဲ့ ဓာတ်မြေသြဇာ

ကွန်ပေါင်းမြေသြဇာ ဆက်တိုက်အဝင်ကောင်းပြည်တွင်းကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇန်နဝါရီ ၂၂ ရက်မှ ၂၈ ရက် တာကာလအတွင်း မြေသြဇာတန်ချိန် ၁၆၇၂၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာငါးသိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ထိုင်းနိုင်ငံမှ ကွန်ပေါင်းမြေသြဇာ က ၆၇၂ တန်၊ ဗီယက်နမ်နိုင်ငံမှ ကွန်ပေါင်းမြေသြဇာက တန်ချိန် ၅၀၀ နဲ့ အခြား မြေသြဇာက တန်ချိန် ၅၀၀ တင်သွင်းခဲ့တာတွေ့ရပါတယ်။ ဒါကြောင့်ဒီတစ် ပတ်မှာ ဗီယက်နမ်နိုင်ငံမှ မြေသြဇာအများဆုံး တင်သွင်းနိုင်ခဲ့တယ်လို့ ဆိုရပါမယ်။ ယခင် သီတင်းပတ်မြေသြဇာအဝင်က တန်ချိန်တစ်ထောင့်ခြောက်ရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် ယခင်အပတ်အဝင်ရဲ့ တန်ချိန်ကိုမီခဲ့တယ်လို့ ဆိုရပါမယ်။ MIRT (DOT)ဓာတ်မြေသြဇာ ဝင်ရောက်မှုအခြေအနေဇန်နဝါရီ ၂၅ ရက်မှ ၃၁ ရက်ထိကာလအတွင်း မြန်မာ-တရုတ် နယ်စပ် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်း၊ ထိုင်းနယ်စပ်ရှိ ကော့သောင်းနဲ့ မြဝတီစခန်းတို့က ဓာတ်မြေသြဇာ ၆၁၂၂ တန်ကျော် တန်ဖိုး ဒေါ်လာ ၁ ဒသမ ၃၀၈ သန်းဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ထက် တန်ချိန် ၂၀၀၀ ကျော် အသွင်းလျော့ခဲ့တာတွေ့ရပါတယ်။ နယ်စပ်စခန်းအလိုက် တင်သွင်းမှု တွေကတော့ မူဆယ်က ၅၃၉၉ တန်ကျော်၊ ကော့သောင်းက ၁၇၇ တန်၊ မြဝတီက ၉၄ တန်နဲ့ ရိဒ်က ၄၅၀ တန်ကျော် တင်သွင်းခဲ့ပါတယ်။  မန္တလေး မူဆယ်ကုန်စည် သယ်ယူစရိတ်နှုန်းထားမှာ မြေဆီသယ်ယူခနှုန်း ၃ ကျပ်ဈေးကျခဲ့ကြောင်း သိရှိရ ပါတယ်။ MIRT (DOBT)ဈေးကွက်ပုံမှန်လေးနဲ့ပဲ သွားနေတဲ့ ဓာတ်မြေသြဇာမော်လမြိုင်ဈေးကွက်မှာ ဓာတ်မြေသြဇာအရောင်းအဝယ်က ပုံမှန်ရှိကြောင်း မြေသြဇာအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကပြောပြပါတယ်။ အရောင်းက ပုံမှန်ရှိနေ တာကြောင့် ဈေးကလည်း ပြောင်းလဲမှုသိပ်မရှိကြောင်းလည်း ပြောပါတယ်။ သထုံ ဘက်မှာကတော့ မြန်မာပြည်တွင်းကထုတ်လုပ်တဲ့ မြေသြဇာတွေကို အသုံးများ တယ်လို့ဆိုပါတယ်။ ပေါင်မြို့နယ်ဘက်မှာတော့ တရုတ်နိုင်ငံထုတ် တီစူပါ ၄၆% (သံကွင်း-တရုတ်) ပိုကြိုက်ကြတယ်လို့သိရပါတယ်။ ဈေးကွက်အတွင်း ဖြစ်ပေါ်နေ တဲ့ဈေးတွေက ယခင်တစ်ပတ်ဈေးအတိုင်း ပုလဲအသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) တရုတ်က၂၂၅၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း)က ၃၅၀၀၀ ကျပ် ၊ ကွန်ပေါင်း (ပန်းရောင်) ၁၅း၁၅း၁၅ က ၃၁၀၀၀ ကျပ်၊  ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း) က ၃၀၀၀၀ ကျပ်၊ တီစူပါ ၄၆%(သံကွင်း-တရုတ်) က ၂၆၅၀၀ ကျပ် ၊ တီစူပါ ၄၆ % (မြှား-တရုတ်) ၂၇၅၀၀ ကျပ်နဲ့ တီစူပါ ၁၆ % (မြှားကမ္ဘာ-တရုတ်) က ၁၃၀၀၀ ကျပ် ဈေးရှိတယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာတော့ ဓာတ်မြေသြဇာက အရောင်းအေးနေတယ် လို့ သိရပါတယ်။ စိုက်ပျိုးရာသီချိန်မဟုတ်တော့လို့ အရောင်းက အေးနေတာကြောင့် ဈေးတွေကလည်း အတက်အကျသိပ်မရှိဘူးလို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ တောင်ကြီး ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးတွေက ယခင် တစ်ပတ်ဈေးနဲ့ သိပ်မကွာသလို ယခင်လ ဒီလိုအချိန်မှာလည်း ဒီဈေးပဲရှိနေတယ်လို့ အဆိုပါဝန်ထမ်းက ပြောပါတယ်။ ဈေးကွက်မှာဖြစ်ပေါ်နေတဲ့ဈေးက ယူရီးယား-ပုလဲ (ကမ္ဘာလုံး-ရွှေတောင် (တရုတ်) က ၂၀၅၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်)က ၂၁၀၀၀ ကျပ်၊ တီစူပါ ၁၂ %က ၁၀၀၀၀ ကျပ်၊ တီစူပါ ၁၆ % (တရုတ်)က ၁၀၅၀၀ ကျပ်၊ တီစူပါ ၁၅ ပတ်လည်က ၃၆၀၀၀ ကျပ် ၊ တီစူပါ ၁၀း၁၀း၅ (တရုတ်)က ၁၅၅၀၀ ကျပ်၊ ပိုတက်(တရုတ်)က ၂၇၅၀၀ ကျပ် တို့ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။မကွေးဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းအေးနေပြီး အရောင်း အေးနေတာနဲ့အမျှ ဈေးကလည်းငြိမ်နေတယ်လို့ ဓာတ်မြေသြဇာ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ယခင်လတွေမှာ အရောင်းရှိခဲ့တဲ့ ပိုတက်ရှ်က ဒီတစ် ပတ်မှာတော့ အရောင်းအေးပြီး ဈေးကလည်းကျလာတယ်လို့ ပြောပါတယ်။ အရောင်းဖြစ်နေတဲ့  ဓာတ်မြေသြဇာဈေးတွေထဲမှာ  ကျန်မြေသြဇာဈေးတွေက အပြောင်းအလဲမရှိပေမဲ့ ပိုတက်ကတော့ ဈေးတော်တော်လေးကျသွားတယ်လို့ သိရ ပါတယ်။ အရင် ၂၉၀၀၀ ကျပ်နဲ့ရောင်းနေတဲ့ ပိုတက်ရှ်က ဒီတစ်ပတ်မှာ ၂၄၅၀၀ ကျပ်သာဈေးရှိ တော့ပေမဲ့ မြှားကမ္ဘာ-တရုတ် ၁၂း၁၃ (အပြာ) ၁၆၂၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅ က ၁၆၀၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ က ၁၆၅၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ က ၃၆၀၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ က ၃၃၀၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်)က ၂၂၈၀၀ ကျပ်၊ တီစူပါ(မြှားနီ-တရုတ်)က ၂၂၅၀၀ ကျပ် စသည်ဖြင့် ယခင်အပတ်ဈေးအတိုင်း ရှိနေတယ်လို့ သိရပါတယ်။    ရန်ကုန်ဓာတ်မြေသြဇာဈေးကွက်မှာ မြေသြဇာက အရောင်းအေးနေ တယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။ ဒီအချိန်က ရာသီချိန်လည်း မဟုတ်တော့  အရောင်းအေးနေသလို ဈေးကလည်းငြိမ်နေတယ်လို့ မြေသြဇာ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ အရောင်းအေးနေလို့ အသုံးနည်း တဲ့မြေသြဇာတွေက ၄၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ ဈေးချရောင်းနေရတယ်လို့ အဆိုပါတာဝန်ရှိသူတစ်ဦးမှ ပြောပြပါတယ်။ ဒီအချိန် ဈေးငြိမ်ရောင်းရတာက ကွန်ပေါင်းတစ်မျိုးတည်းပါလို့ သိရပါတယ်။ ဒီတစ်ပတ်အ ရောင်းအဝယ်ဖြစ်နေတဲ့ ဈေးတွေက ယူရီးယား(ကမ္ဘာလုံး၊ ရွှေတောင်) တရုတ် က ၂၀၁၀၀ ကျပ်၊ တီစူပါ (သံကွင်း-တရုတ်) ၂၃၃၀၀ ကျပ်၊ ပိုတက်(ကနေဒါ) ၂၆၀၀၀ ကျပ်၊ ပိုတက်(အိန္ဒိယ) ၂၅၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ (ယိုးဒယား) ၃၇၀၀၀ ၊ ယူရီးယား (MPE) က ၁၈၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၀း၁၀း၅ (အမ်-တရုတ်)က ၁၇၀၀၀ ကျပ်၊ ကွန် ပေါင်း ၁၅း၁၅း၁၅ (အမ်- တရုတ်) ၂၈၅၀၀ ကျပ်ဈေးရှိနေတယ်လို့ သိရှိရပါတယ်။ MIRT (DOT)