ဒီတစ်ပတ် ဘိလပ်မြေအသွင်းလျော့ဇန်နဝါရီလ ၂၂ ရက်မှ ၂၈ ရက်တာကာလအတွင်း ဘိလပ်မြေ ၁၁၃၁၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ကိုးသိန်းသုံးသောင်းကျော်ဖိုးကို ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ထိုင်း နိုင်ငံ မှ စိန်တံဆိပ် ဘိလပ်မြေကို တန်ချိန် ၁၀၈၀၀၊ အခြားတံဆိပ် ဘိလပ်မြေ ၈၃ တန်၊ တရုတ်နိုင်ငံမှ ဘိလပ်မြေက တန်ချိန် ၄၀၅ နဲ့ စင်ကာပူနိုင်ငံမှ ၂၇ တန်တင်သွင်းခဲ့ တာတွေ့ ရပါတယ်။ ဒီတစ်ပတ်သွင်းခဲ့တဲ့ ဘိလပ်မြေတွေထဲမှာ စိန်တံဆိပ်ဘိလပ် မြေက တန်ချိန်အများဆုံးဖြစ်ခဲ့ပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေတင်သွင်းမှုက တန်ချိန် လေးသောင်းခုနစ်ထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် ဘိလပ်မြေ တင်သွင်းမှုနဲ့ယှဉ်ရင် လျော့နည်းပြီး တင်သွင်းခဲ့တာတွေ့ရပါတယ်။ MIRT (DOT)ဘိလပ်မြေအသွင်းလျော့ဇန်နဝါရီနောက်ဆုံးပတ်အတွင်း နယ်စပ်စခန်းအသီးသီးက ဘိလပ်မြေ ၃၆၃ တန်၊ တန်ဖိုးကန်ဒေါ်လာ ၀ ဒသမ ၀၃ သန်းဖိုးတင်းသွင်းနိုင်ခဲ့ပါတယ်။ ယခင် အပတ်နဲ့နှိုင်းယှဉ်လျှင် တန်ချိန် ၂၀၀ နီးပါး အသွင်းလျော့ခဲ့ပါ တယ်။ နယ်စပ် အလိုက် တင်သွင်းမှုများမှာ မောင်တောစခန်းမှ ၄၈ တန်၊ ကော့သောင်းနယ်စပ်မှ ၄ တန်နဲ့ ကန်ပိုက်တီးစခန်းမှ ၃၁၁ တန် အသွင်းရှိခဲ့ပါတယ်။ မူဆယ်၊ မြဝတီနဲ့ တာချီလိတ်စခန်းများက အသွင်းမရှိတာ တွေ့ရပါတယ်။ MIRT (DOBT)ရောင်းအားကောင်းနေတဲ့ ဘိလပ်မြေမော်လမြိုင်ဈေးကွက်မှာတော့ ဘိလပ်မြေက အဝယ်လိုက်နေတယ်လို့ အရောင်းဆိုင်မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဘိလပ်မြေကအရောင်း အဝယ် ကောင်းနေတာကြောင့် ဘိလပ်မြေဈေးကလည်း အနည်းငယ်တက် ဈေးရှိတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ၄၉၀၀ ကျပ်ဈေးနဲ့ရောင်းတဲ့ ဆင်(ထိုင်း)က ယခု ၅၀၀၀-၅၁၀၀ ကျပ်နဲ့ ရောင်းပြီး၊ ကြံ့(မြိုင်ကလေး)က ယခင် ကျပ် ၃၇၀၀ နဲ့ ရောင်းနေရာမှ ယခု ၃၇၅၀-၃၈၀၀ ကျပ်နဲ့ ရောင်းနေတယ်လို့ သိရပါတယ်။ စိန် (ထိုင်း)ကတော့ အသုံးနည်းသလို ပစ္စည်းကလည်းပြတ်နေတယ်လိ့ု သိရပါတယ်။တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်ကောင်း တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ကောင်းပေမဲ့ ဈေးကတော့ ပြောင်းလဲ မှုမရှိသေးဘူး လို့ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ တောင်ကြီး ဈေးကွက်ထဲမှာ ဘိလပ်မြေက စိန်(ယိုးဒယား)၊ ခြင်္သေ့၊ မြို့တော်နဲ့ နဂါးတံဆိပ် ဘိလပ်မြေတွေ ရောင်းအားရှိတယ်လို့ သိရပါတယ်။ ဈေးကွက်မှာဖြစ်နေတဲ့ဈေးတွေက စိန်(ယိုးဒယား)က ၇၀၀၀ ကျပ်၊ ခြင်္သေက ၅၃၀၀ ကျပ်၊ မြို့တော်က ၄၃၀၀ ကျပ်နဲ့ နဂါးက ၅၄၀၀ ကျပ်တို့ဖြစ်ပါတယ်။ ဘိလပ်မြေဈေးက ယခင်တစ်ပတ်ဘိလပ်မြေဈေးကွက်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဈေး တွေနဲ့ယှဉ်ကြည့်ရင် အပြောင်းအလဲသိပ်မရှိခဲ့ပေမဲ့ ယခင်လနဲ့ကြည့်မယ် ဆိုရင်တော့ စိန်(ယိုးဒယား) ဘိလပ်မြေသာ ဈေးအနည်းငယ်တက်ခဲ့ပြီး ကျန်တံဆိပ်တွေကတော့ ပြောင်းလဲမှုမရှိခဲ့ကြောင်း တွေ့ရပါတယ်။မကွေးဈေးကွက်မှာ ဘိလပ်မြေရောင်းအားရှိနေတယ်လို့ သိရပါတယ်။ ပွင့်လင်းရာသီရောက်လာတာမို့ ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်လုပ်ဆောင် လာတာကြောင့် ရောင်းအားရှိလာတာဖြစ်တယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ ဝန် ထမ်းတစ်ဦးကပြောပါတယ်။ ရောင်းအားရှိပေမဲ့လည်း ဈေးကတော့ အပြောင်းအလဲ သိပ်မရှိဘူးလို့ ပြောပါတယ်။ မကွေးမှာကတော့ ဘိလပ်မြေတွေထဲမှာ ဆင်(ထိုင်း)နဲ့ မြင်းခေါင်းကိုဘဲ အသုံးများတယ်လို့ဆိုပါတယ်။ ဘိလပ်မြေဈေးက ယခင်တစ်ပတ်နဲ့ ကြည့်ရင်တော့ ပြောင်းလဲမှုသိပ်မရှိဘဲ ယခင်လ ဘိလပ်မြေဈေးနဲ့ကြည့်ရင်တော့ ဆင်(ထိုင်း)က တစ်အိတ်ကို ၃၀၀ ကျပ်လောက်ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မကွေးမှာဖြစ်နေတဲ့ ဘိလပ်မြေဈေးက ဆင်(ထိုင်း)က တစ်အိတ်ကို ၅၉၀၀ ကျပ်နဲ့ မြင်းခေါင်းက တစ်အိတ်ကို ၄၄၀၀ ကျပ်ရှိတယ်လို့ သိရပါတယ်။ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ဘိလပ်မြေက ရောင်းအားရှိနေတယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ဈေးကွက်ထဲ ဆင်(ထိုင်း) က ပစ္စည်း ပြတ်နေတယ်လို့ သိရပါတယ်။ဒီတစ်ပတ်ဈေးကွက်ထဲမှာ ဆင်(ထိုင်း) က ၄၉၀၀ ကျပ်၊ စိန်(ထိုင်း)က ၄၇၅၀ ကျပ် အရောက်ပို့ဆိုရင် ၄၈၀၀ ကျပ်၊ မောင်တိန်းနဲ့ ကျောက်ဆူးက ၄၆၀၀ ကျပ်ဈေးရှိနေတယ်လို့သိရပါတယ်။MIRT (DOBT)
Background