Main menu

Background

ဂျပန်နဲ့ ကိုရီးယားကို များများသွားနေတဲ့ နှမ်း

Mon, 02/06/2012 - 07:54 -- Anonymous (not verified)

    ပင်လယ်ရေကြောင်းက တင်ပို့နေတဲ့ နှမ်းများမှာ ဂျပန်နဲ့ ကိုရီးယား နိုင်ငံတွေကို ပမာဏပိုများတာ တွေ့ရပါတယ်။ ယခုတစ်ပတ် ဇန်နဝါရီ လ ၂၃ ရက်မှ ၂၇ ရက် အထိ ပင်လယ်ရေကြောင်းက စုစုပေါင်း နှမ်းတန်ချိန် ၈၀၀ ကျော်တင်ပို့ခဲ့ပြီး တင်ပို့တဲ့ နိုင်ငံတွေကတော့ ဂျပန်၊  ကိုရီးယား၊ တရုတ်၊ မလေးရှားနဲ့ စင်ကာပူတို့ဖြစ်ပါတယ်။    ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့အထိ နှမ်းစုစုပေါင်း တင်ပို့မှုမှာ တန်ချိန် တစ်သိန်းကျော်ပြီး ဝင်ငွေမှာ ကန်ဒေါ် လာ ၁၄၇ သန်းခန့်ရှိ ကြောင်း သိရပါတယ်။ ယခင်ဘဏ္ဍာနှစ် တစ်နှစ်လုံး မှာ နှမ်းစုစုပေါင်း တင်ပို့မှုမှာ တန်ချိန် ၈ သောင်းခန့်ရှိပြီးဝင်ငွေမှာ ကန်ဒေါ်လာ ၁၁၄ သန်းကျော်ဖြစ်လို့ ယခု နှစ်မှာ ပမာဏရော ဝင်ငွေပါ ပိုမိုတင်ပို့နိုင်ကြောင်း သိရပါတယ်။              MIRT - MAPT