Main menu

Background

ဆီစက်သမားများမှ အဝယ်ရှိလို့ ဈေးအနည်းငယ်မြင့်လာတဲ့ ပြည်မြေပဲဆံ

Mon, 02/06/2012 - 08:06 -- Anonymous (not verified)

            ပြည်ဈေးကွက်မှာယခင်အပတ်ထက်စာရင် ဆီကြိတ်မြေပဲဆန်ဈေးမှာ အနည်း ငယ်မြင့်လာတာ တွေ့ရပါတယ်။ ကံမနဲ့ အောင်လံဘက်မှ မြေပဲဆန်များတစ်နေ့ကို အိတ် ၁၅၀၀ ခန့်ဝင်ရောက်လာတာတွေ့ရပါတယ်။ မြို့တွင်းဆီစက်များနဲ့ ရန်ကုန် ဆီစက်များအဝယ်ရှိလို့ ဆီကြိတ်မြေပဲဆန်ဈေးမှာ အနည်းငယ်တက်လာပြီး၊ လုံးဆန် ဈေးမှာ ယခင်အပတ်အတိုင်းဈေးငြိမ်နေတာတွေ့ရပါတယ်။ ဆီကြိတ်မြေပဲဆန်တစ် ပိဿာကို ၁၅၀၀ ကျပ်၊ လုံးဆန်တစ်ပိဿာ ကို ၁၆၂၅ ကျပ်ဈေးနဲ့ တစ်နေ့ကိုအိတ် ၁၂၀၀ ခန့်အရောင်းအဝယ်ဖြစ်တာ တွေ့ရပါတယ်။အိဆွေဇင်