Main menu

Background

မလေးရှားငွေတန်ဖိုး ခိုင်မာလာတာကြောင့် သီတင်း ၆ ပတ်အတွင်း စားအုန်းဆီကြမ်းဈေး အနိမ့်ဆုံးနီးပါးကို ကျဆင်းလာ

Mon, 02/06/2012 - 08:07 -- Anonymous (not verified)

    မလေးရှားရင်းဂစ်တန်ဖိုး ခိုင်မာလာခြင်းက ဆီသန့်စင်သူများအတွက် ပြုပြင် ထုတ်လုပ်ဖို့ ကုန်ကြမ်းဝယ်ယူရာမှာ ဈေးနှုန်းကြီးမြင့်မှုတွေဖြစ်လာတာကြောင့် ဝယ် လိုအား နှေးကွေးလာခဲ့ကာ စားအုန်းဆီကြမ်းဈေးကလည်း သီတင်း ၆ ပတ်အတွင်း အနိမ့်ဆုံးဈေးနီးပါး ကျဆင်းလာခဲ့ပါတယ်။ ယခုနှစ်အတွင်း စားအုန်းဆီဈေးကွက်က     ၄ ရာခိုင်နှုန်းနီးပါး ကျဆင်းနေဆဲဖြစ်တယ်လို့သိရပါတယ်။    အာရှမှာ ဒုတိယအခိုင်မာဆုံးရင်းဂစ်ဟာ ၂၀၁၂ ခုနှစ်မှာ ၅ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့ပါတယ်။ ရင်းဂစ်တန်ဖိုး ထပ်မံမြင့်တက်လာခဲ့မယ်ဆိုရင် အင်ဒိုနီးရှား ဈေးကွက်ကို ဆုံးရှုံးနေရတဲ့ မလေးရှားဆီသန့်စင်သူတွေ အတွက် အကျိုးအမြတ် နည်းသွားနိုင်ပါတယ်။ လက်ရှိအခြေအနေမှာ ဈေးကွက်ကအလွန်ကို နှေးနေတယ် လို့ ကွာလာလမ်ပူကုန်သည်တစ်ဦးကဆိုပါတယ်။    ဘာစာမလေးရှားကုန်စည်ဒိုင်မှာ ဧပြီလအတွက် အခြေခံစံနှုန်းစားအုန်းဆီ ကြိုပွိုင့်ဈေးဟာ သုည ဒသမ ၇ ရာခိုင်နှုန်းလျော့ကျပြီး တစ်တန်ကိုရင်းဂစ် ၃၀၆၃ (ကန်ဒေါ်လာ ၁၀၀၇) ဖြစ်ခဲ့လို့ ဒီဇင်ဘာလ ၂၁ ရက်မှာ အနိမ့်ဆုံးဖြစ်ခဲ့တဲ့ ရင်းဂစ် ၃၀၃၆ (ကန်ဒေါ်လာ ၉၉၈) နီးပါးဖြစ်လာခဲ့ပါတယ်။ ဝယ်လိုအားလည်း နည်းနေ တာကြောင့် ဇန်နဝါရီလကုန်ထိ မလေးရှားစားအုန်းဆီတင်ပို့မှုဟာ ၁၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ အဲဒီလို တင်ပို့မှု ကျဆင်းရခြင်းဟာ တရုတ်၊ အိန္ဒိယနဲ့ ဥရောပ တို့က အဝယ်နည်းတာကြောင့်လို့ဆိုပါတယ်။    ဒါ့အပြင် အချို့ကုန်သည်များမှာလည်း ပြုပြင်ပြီးဆီအတွက် တင်ပို့ခွန်လျှော့ချ ထားတဲ့ အင်ဒိုနီးရှားကို ပြောင်းရွှေ့ဝယ်ယူကြတာကြောင့်လို့ဆိုပါတယ်။ အင်ဒိုနီးရှား နိုင်ငံဟာ ဆီအုန်းနဲ့ ရော်ဘာစိုက်ပျိုးတဲ့ပြည်နယ်များ ပေါင်းစည်းပြီး မတ်လမှာ ကမ္ဘာ့အကြီးဆုံး စားအုန်းဆီနဲ့ ရော်ဘာကုမ္ပဏီတစ်ခုဖန်တီးဖို့ စုစုပေါင်းသုံးစွဲငွေ ကန်ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံ ခွင့်ပြုထားကြောင်း သိရပါတယ်။    ရေနံဈေးနှုန်းကလည်း တတိယမြောက်အနေနဲ့ မြင့်တက်ခဲ့ပြီး၊ မတ်လအတွက် အမေရိကန်ပဲပုပ်ဆီစာချုပ် ဈေးဟာ သုည ဒသမ ၃ ရာခိုင်နှုန်းကျဆင်းတယ်လို့ သိရပါတယ်။ ဒါပေမဲ့ တရုတ်ဒေလီယံကုန်စည်ဒိုင်ရဲ့ ၂၀၁၂ စက်တင်ဘာလ အတွက် ပဲပုပ်ဆီစာချုပ်ဈေးက သုည ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့သိရပါ တယ်။                                          ယုဇန၊ Source: Reuters