Main menu

Background

စင်တာများတွင် ဒေါ်လာတစ်သောင်း အထိ လဲလှယ်ခွင့်ရှိသည်ဆိုခြင်းကြောင့် အမေရိကန်ဒေါ်လာဈေးနှုန်းများအနည်းငယ်ကျဆင်း

Mon, 02/06/2012 - 09:06 -- Anonymous (not verified)

ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁ရက်မှ စတင်ကာ ငွေလဲစင်တာများတွင် အမေရိ ကန်ဒေါ်လာ ၁၀၀၀၀ အထိ လဲလှယ်ခွင့်ရှိသည်ဟူသည့်သတင်းများကြောင့် ငွေဈေး နှုန်းများ ကျဆင်းလာခဲ့ကြောင်း သိရသည်။ စင်တာများတွင်ဒေါ်လာ ၁၀၀၀၀အထိ လဲလှယ်ခွင့်ရှိသည်ဆိုသော်လည်း စင်တာများသို့ လာရောက်ရောင်းချခြင်းကိုမူ ကန့် သတ်ထားဆဲဖြစ်ပြီး ဝယ်ယူခြင်းကိုမူ ပမာဏကန့်သတ်ထားခြင်းမရှိဘဲ ဝယ်ယူ ကြောင်း သိရသည်။ စတင်ဖွင့်လှစ်ခဲ့သည့်နေ့ကမူ စင်တာများတွင် ဒေါ်လာ ဝယ်ယူ သည့် ကောင်တာများကို ပိတ်ထားခဲ့ရသည်အထိ ဖြစ်ခဲ့ရကြောင်း သိရသည်။မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်ရှိ ငွေလဲကောင်တာမှ တာဝန်ရှိသူ တစ်ဦးကဘဏ်မှာ ငွေရှိသလောက်ကိုသာ ရောင်းချပေးခြင်းဖြစ်သည့်အတွက် ငွေ လဲကောင်တာကို ပိတ်ထားရခြင်းဖြစ်ကြောင်း၊ အဝယ်ကိုပိတ်ထားသော်လည်း အရောင်းကိုမူ ဖွင့်ထားဆဲဖြစ်ကြောင်း၊ ယခုကဲ့သို့ဖွင့်လှစ်လိုက်ချိန်တွင် ဝယ်ယူခြင်း ထက် လာရောက်ရောင်းချသည်ကသာများနေကြောင်း၊ ထို့ကြောင့် ဘဏ်တွင်ရှိ သည့်ငွေပမာဏကို ချိန်ဆ၍ လုပ်ကိုင်နေရခြင်းဖြစ်ကြောင်း ပြောသည်။အမေရိကန်ဒေါ်လာဈေးကွက်သည် ပြင်ပပေါက်ဈေးနှင့်ငွေလဲစင်တာများ၏ ဈေးနှုန်း ကွာခြားချက်ကြီးမားနေမှုကြောင့် ပွဲစားများသည် ပြင်ပမှဒေါ်လာများကို ဝယ်ယူပြီး စင်တာတွင် လာရောက်ရောင်းချနေမှုကို ကြုံနေရကြောင်း သိရသည်။ ပြင်ပ ငွေလဲဈေးကွက်နှင့် စင်တာဈေးတို့၏ ကွာဟချက်ကြီးမားနေခြင်းသည် ဘဏ် များကို အရှုံးပေါ်စေနိုင်ခြင်းကြောင့် ဒေါ်လာ လာရောက်ရောင်းချမှုများကို ကန့် သတ်ရခြင်းဖြစ်ကြောင်း သိရသည်။ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ကားတင်သွင်းမှုများ၊ ကားလိုင်စင်လျှောက် ထားမှုများ များပြားလာမှုကြောင့် အမေရိကန်ဒေါ်လာဈေးမှာတက်ရိပ်ပြခဲ့ပြီး ဈေး ပိတ်ချိန်တွင် ရောင်းဈေး ၈၄၀ ကျပ်အထိရှိခဲ့သည်။ ယခုတစ်ပတ်တွင်မူ အမေ ရိကန် တစ်ဒေါ်လာလျှင် ၈၄၀ကျပ်ဖြင့်ဈေး ဖွင့်ခဲ့သော်လည်း ဖေဖော်ဝါရီ ၁ ရက်က ဗဟိုဘဏ်မှထုတ်ပြန်ခဲ့သည့်  သတင်းကြောင့် တစ်ဒေါ်လာလျှင် ၈၃၅ ကျပ်သို့ ကျဆင်းသွားခဲ့သည်။ထို့ပြင် ယခင်က ရောင်းဈေးနှင့် ဝယ်ဈေးမှာ ငါးကျပ်သာ ကွာဟခဲ့သော်လည်း ယခုတစ်ပတ်တွင်မူ ရောင်းဈေးနှင့် ဝယ်ဈေးမှာ ၁၅ ကျပ်အထိ ကွာဟနေသည်ကို တွေ့ရသည်။ ထိုကဲ့သို့ဖြစ်ရသည်မှာ အမေရိကန်ဒေါ်လာကို လာရောက်ရောင်းချ သည့်ပမာဏသည် ဝယ်ယူသည့်ပမာဏထက်  များပြားနေခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။"ကျွန်မတို့ဘဏ်မှာ ဒေါ်လာဝယ်ထားတာ တော်တော်များနေပြီ။ အဲဒါ ကြာင့် အဝယ်ကို ဒေါ်လာ ၃၀၀ ပဲဝယ်တယ်။ ရောင်းတာကိုတော့ ကန့်သတ်ချက်မထား ပါဘူး" ဟု မြဝတီဘဏ် ရှိငွေလဲကောင်တာမှ ဝန်ထမ်းတစ်ဦးကဆိုသည်။ပြင်ပငွေဈေးကွက်တွင် ဇန်နဝါရီ လ ၃၁ရက်နေ့က ၈၂၁ ကျပ်ရှိခဲ့သော်လည်း ဖေဖော်ဝါရီ ၁ ရက်တွင် ၈၁၇ ကျပ်သို့ ကျဆင်းခဲ့သည်။ ဖေဖော်ဝါရီ ၃ ရက် ငွေဈေးပိတ်ချိန်တွင် ၈၁၅ ကျပ်သာရှိခဲ့သည်ကို တွေ့ရသည်။ဒေါ်လာဈေးကျဆင်းမှုနှင့်အတူ အက်ဖ်အီးစီဈေးနှုန်းများမှာလည်း ကျဆင်းခဲ့ သည်ကိုတွေ့ရသည်။ အက်ဖ်အီးစီများကို ဝယ်ယူသူများသည် ယခင်က အပြင်ဈေး ကွက်တွင်သာ ဝယ်ယူခဲ့သော်လည်း ယခုအခါတွင်မူ စင်တာများတွင် ဝယ်ယူကြခြင်း ကြောင့် ပြင်ပဈေးကွက်၌ ဝယ်လိုအား နည်းသွားပြီး ဈေးကျဆင်းလာရခြင်းဖြစ် ကြောင်း ဒေါ်လာပွဲစားတစ်ဦးကသုံးသပ်ပြခဲ့သည်။ အက်ဖ်အီးစီဈေးနှုန်းမှာ ဇန်နဝါရီ  ၃၀ ရက်က ၈၄၀ ကျပ်အထိရှိခဲ့သော်လည်း ဖေဖော်ဝါရီ ၃ ရက်တွင် ၈၂၇ ကျပ် အထိကျဆင်းလာခဲ့သည်။ ပို့ကုန်ဝင်ငွေဈေးနှုန်းမှာ ဖေဖော်ဝါရီ ၃ရက် ဈေးပိတ် ချိန်တွင် ၈၃၅ ကျပ်သို့ကျဆင်းလာခဲ့ကြောင်း သိရသည်။       MTD,KM2O