စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ ဘုရင့်နောင် ၁ တန် ၄၄၉၀၀၀ ၄၃၀၀၀၀ ၂ မုံရွာ ၁ ပိဿာ ၆၉၀ ၆၄၀ ၃ ပြည် ၁ ပိဿာ ၆၈၅ ၆၄၅ ၄ ဟင်္သာတ ၁ ပိဿာ ၆၉၅ ၆၆၀ ၅ မန္တလေး ၁ ပိဿာ ၇၀၀ ၆၅၀ မတ်ပဲဈေးဆက်လက်ကျဆင်းသလို အရောင်းအဝယ်ဖြစ်မှုလည်းနည်းလာ ဘုရင့်နောင်ဈေးကွက်တွင် ဒီတစ်ပတ် မတ်ပဲ (RC) ကို အိတ်စပို့ဝယ်လက်တွေက ဈေးကွက်စဖွင့်ချိန်မှာ တစ်တန်ကို ၄၄၇၀၀၀ ကျပ်နဲ့ အဝယ်ရှိခဲ့ရာမှ နောက်ပိုင်းရက်တွေမှာ ဈေးလျော့ အဝယ်ရှိလာသလို ဝယ်အားပါနည်းသွားတာကြောင့် ၃၁-၁-၂၀၁၂ နေ့မှာ တစ်တန်ကို ၄၃၇၀၀၀ ကျပ်သို့ဈေးကျခဲ့ပြီး ၁-၂-၂၀၁၂ နေ့ မှာ ၄၃၅၀၀၀ ကျပ်သို့ထပ်မံဈေးကျခဲ့ကာ ၃-၂-၂၀၁၂ နေ့မှာတော့ ၄၃၀၀၀၀ ကျပ်ဈေးသာရှိပါတော့တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပတ်အတွင်း တန် ၂၉၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲဈေး ကောင်းတဲ့အခါမှာ ရောင်းသူကုန်သည်များ အရောင်းများပေမယ့် အခုလိုပဲဈေးတစ်ရိပ်ရိပ်ကျတဲ့အခါမှာတော့ ဈေးကွက်မျှော်လင့်ချက် နဲ့ အရောင်းနည်းသွားတယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ မန္တလေးဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း)က ဈေးကွက်သို့အဝင်ပုံမှန် ရှိသလို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေကလည်း ဝယ်အားပုံမှန် ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကျသွားတယ်လို့ မြို့ခံကုန်သည် တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၅၀ ကျပ်(တစ်တန်ကို ၃၉၈၀၅၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ မှ ၃၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မုံရွာဈေးကွက်မှာ ဒေသတွင်းပဲခွဲ စက်နဲ့ မြို့တွင်းလက်လီသမားများက တစ်ပိဿာကို ၆၄၀ ကျပ် (တစ်တန်ကို ၃၉၁၉၂၉ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၃၀၀ ခန့်အဝယ် ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးက ကျရိပ်သမ်းနေတယ်လု့ိ ဆိုပါတယ်။ ဟင်္သာတဈေးကွက်မှာ မတ်ပဲသစ်တွေ အဝင်ရှိသ လောက်ရန်ကုန်အဆွဲပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပဲသစ်က အရည် အသွေးကောင်းတယ်။ ဒါပေမဲ့အဝင်ပမာဏနည်းနေတော့ ကိုယ်လို သလောက်ပစ္စည်းမရဘူးလို့ ပြည်ပတင်ပို့ရန် ဝယ်ယူနေတဲ့ ဝယ်လက် ကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၆၀ ကျပ်(တစ်တန်ကို ၄၀၄၁၇၇ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၂၀၀ မှ ၄၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်သို့ မတ်ပဲ သစ်ဝင်ရောက်မှုက ယခင်အပတ်ထက်စာရင် အဝင်ပိုများလာသလို လှောင်လက်ကုန်သည်တွေထံမှာ လက်ဝယ်ကျန်နေတဲ့ မတ်ပဲ(ဟောင်း) ကလည်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက မတ်ပဲ(သစ်) ရော (ဟောင်း) ပါ တစ်ပိဿာ ၆၄၅ ကျပ် (တစ်တန်ကို ၃၉၄၉၉၁ ကျပ်) နဲ့ နေ့စဉ်အိတ် ၇၀၀ ခန့် ဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။
Background
