ပြောင်း စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ တောင်ကြီး ၁ ပိဿာ ၂၉၅ ၃၀၀ ၂ လားရှိုး ၁ ပိဿာ ၃၃၅ ၃၄၀ ၃ မူဆယ် ၁ တန် ၂၃၆၇၆၅ ၂၃၆၉၆၅ ၄ မန္တလေး ၁ ပိဿာ ၃၃၃ ၃၄၃နှစ်ကူးအပြီးပြောင်းကို တရုတ်အဝယ်ပြန်လိုက်လို့ ဈေးစွာ တောင်ကြီးဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့အဝင်ပုံမှန် ရှိသလို ရန်ကုန်-မန္တလေးဝယ်လက်နဲ့ ဒေသတွင်းအစာစပ်သမားများ ကလည်း နှစ်ကူးအပြီးမှာ ဝယ်အားပြန်ကောင်းလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၃၀၀ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၅၅၀၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း ဒေသခံကုန်သည်များက ဆိုပါတယ်။ မူဆယ်ဈေးကွက်မှာ တရုတ်ဝယ်လက်က တရုတ်နှစ်ကူးပွဲတော်ပြီးသွားပေမယ့် အရောင်း အဝယ်ထင်သလောက် မဖြစ်သေးဘူးလို့ ဆိုပါတယ်။ လားရှိုှုးဈေး ကွက်မှာ ပြောင်းက ဈေးကွက်သို့ အဝင်များလာသလို တရုတ်ဝယ် လက်ကလည်း နှစ်ကူးအပြီးမှာ အဝယ်ပြန်သွက်လာတယ်လို့ ဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၃၄၀ ကျပ်နဲ့ တစ်ပတ် အတွင်း ပိဿာချိန် ၅၄၀၆၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေးဈေးကွက်မှာ ပြောင်းကို တရုတ်ဝယ်လယ်ဝယ်အားပုံမှန် ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၃၄၃ ကျပ်နဲ့ နေ့စဉ်အိတ် ၅၀၀ မှ ၇၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ မြို့ခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။
Background