ထိုင်ဝမ်(ကုလားပဲ)
ထိုင်ဝမ်(ကုလားပဲ) စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ မန္တလေး ၁ ပိဿာ ၇၈၂ ၇၅၀ ၂ မကွေး ၁ ပိဿာ ၇၆၅ ၇၆၅ ၃ ပခုက္ကူ ၁ ပိဿာ ၇၅၀ ၇၅၀ ၄ မုံရွာ ၁ ပိဿာ ၇၅၀ ၈၃၆ ၅ အောင်လံ ၁ ပိဿာ ၇၅၀ ၇၅၀ ၆ မြင်းခြံ ၁ ပိဿာ ၇၆၀ ၇၄၀ ၇ ပြည် ၁ ပိဿာ ၇၅၅ ၇၄၀ထိုင်ဝမ်(ကုလားပဲ) ကို ပဲခွဲစက်တွေ ဝယ်အားနည်း မန္တလေးဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်တွေက ဒီတစ် ပတ်မှာ ဝယ်လိုအားပျော့သွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၇၅၀ ကျပ်(တစ်တန်ကို ၄၅၉၂၉၂ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၆၀၀ မှ ၈၀၀ ကြားသာအရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မကွေးဈေးကွက်မှာ မြို့ခံပဲခွဲစက်တွေက ကုလားပဲကို ခွဲခြမ်းလုပ်ရန် လိုအပ်ချက် ပမာဏလောက်သာ ဝယ်ယူခဲ့တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကကျရိပ်သမ်း နေကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၆၅ ကျပ်(တစ်တန်ကို ၄၆၈၄၇၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀ ခန့် သာဖြစ်ခဲ့ တယ်လို့ဆိုပါတယ်။ အောင်လံဈေးကွက်မှာ ကုလားပဲကို ခွဲစက်တွေ ကဝယ်အားခပ်ပါးပါးသာရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျ လာပြီး တစ်ပိဿာကို ၇၅၀ ကျပ်(တစ်တန်ကို ၄၅၉၂၉၂ ကျပ်)နဲ့ နေ့စဉ် အိတ် ၁၀၀ မှ ၂၀၀ ကြားသာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရ ပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်နဲ့ အမှုန့်ကြိတ်စက်များက ဝယ်အားပါးသွားသလို ရောင်းသူကုန်သည် တွေထံမှာလည်း ပစ္စည်းလက်ကျန်နည်းသွားပြီလို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၃၆ ကျပ်(တစ်တန်ကို ၅၁၁၉၅၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၃၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန် သည်တစ်ဦးက ဆိုပါတယ်။
