ကလေး-တမူး-ကလေး၀ နယ်စပ်ကုန်သည်အသင်း ဒုတိယဥက္ကဌ ဦးဝင်းတင်က ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်ကနေပြည်တော် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံးမှာ ကျင်းပပြုလုပ်တဲ့ ထုတ်လုပ်မှုနှင့် ကုန် သွယ်မှု မြှင့်တင်ရေးအစည်းအဝေးကို ကုန်သည်အသင်းဥက္ကဌအပါအဝင် အမှုဆောင် ၃ ဦး တက်ရောက်ကြောင်း၊ နိုင်ငံတော် သမ္မတရဲ့ စီးပွားရေးအကြံပေး ဒေါက်တာဦးမြင့်၊ စီးပွားရေးပညာရှင်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ဒုတိယဥက္ကဌ ဦးဇော်မင်းဝင်း၊ ဗဟိုအလုပ်မှုဆောင်များ၊ ညီနောင်အသင်းများမှ ဥက္ကဌများနဲ့ အတွင်းရေးမှူးများ၊ နယ်စပ်ကုန်သည်အသင်းများမှ တာဝန်ရှိသူများလည်း အဆိုပါအစည်းအဝေးကို တက်ရောက် ခဲ့ကြရာ အစည်းအဝေးမှာ ဆွေးနွေးမှုများအရ လာမယ့်ကာလများမှာ နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်လာမယ်လို့ ယုံကြည်ကြောင်းကိုထည့်သွင်း ပြောကြားသွားခဲ့ကြောင်းကို ၂၈- -၁-၂၀၁၂ နေ့က တမူးနယ်စပ်ကုန်သွယ်ရေးရုံးမှာ ပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ ပြန်လည်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ၎င်းင်းတို့ကုန်သည်များအနေနဲ့လည်း ကုန်သွယ်မှုတိုးတက်ရေးအတွက် တစ်ဖက်နိုင်ငံ ကုန်သည် အသင်းနဲ့ ချိတ်ဆက်ဆောင်ရွက်လျက်ရှိတယ်လို့လည်း ဆိုပါတယ်။ Source: နကသ၊ချမ်းမြေ့မောင်
Background