Main menu

Background

တန်ချိန် ၂၀၀၀ နီးပါးပိုမို တင်ပို့နိုင်တဲ့ ရေထွက်ကုန်

Mon, 02/06/2012 - 09:41 -- Anonymous (not verified)

    ဇန်နဝါရီနောက်ဆုံးပတ်အတွင်း အိမ်နီးချင်းသုံးနိုင်ငံသို့ နယ်စပ်စခန်းအသီးသီးက ရေထွက်ကုန်မျိုးစုံ တန်ချိန် ၄၅၀၀ ကျော်၊ တန်ဖိုးဒေါ်လာ ၆ ဒသမ ၅၅၃ သန်းဖိုး တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ်ကထက် တန်ချိန် ၂၀၀၀ နီးပါး ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်စခန်းမှ ငါးရှဉ့်၊ ကဏန်းနဲ့ ရေငန်ငါးမျိုးစုံ ၄၇၅ တန်ကျော်၊ မြန်မာ- ထိုင်းနယ်စပ်ရှိ မြဝတီစခန်းမှ ငါးမျိုးစုံ၊ ငါးရှဉ့်၊ ကဏန်း၊ ပုစွန်နဲ့ ဘီလား ၉၇  တန်ကျော်၊  မြိတ်စခန်းမှ ၂၈၃၁ တန်ကျော်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ  စစ်တွေစခန်းမှ ရေချိုငါးနဲ့ ငါးခြောက်မျိုးစုံ ၃၅၉ တန်ကျော်၊ မောင်တောနယ်စပ်စခန်းမှ ရေချိုရေငန်ပုစွန်နဲ့ ငါးခြောက်မျိုးစုံ ၁၀၈ တန်ကျော် အသီးသီး တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။  မြန်မာ-တရုတ် နယ်စပ်မှ ၂၁၄ တန်ကျော်၊  မြန်မာ-ထိုင်းနယ်စပ်မှ ၆၆၀ တန်ကျော်နဲ့ မြန်မာ - ဘင်္ဂလားဒေရှ့်နယ်စပ်မှ ၃၂၇ တန်ကျော် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။                            MIRT(DOBT)