Main menu

Background

ဆန် တန်ချိန် ၄၀၀၀ ကျော် ပိုမိုတင်ပို့နိုင်

Mon, 02/06/2012 - 09:41 -- Anonymous (not verified)

    ဇန်နဝါရီ ၂၅ ရက်မှ ၃၁ ရက်အထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်စခန်းတို့က ကန်ဒေါ်လာ ၂ ဒသမ ၉၃၃ သန်းတန်ဖိုးရှိ ဆန်နဲ့ဆန်ကွဲ ၇၂၈၉ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ချင်းရွှေဟော်စခန်းမှ တင်ပို့နိုင်ခြင်းမရှိပဲ ယခုအပတ်မှာ အပို့ရှိခဲ့တာ ဖြစ်ပါတယ်။ မူဆယ်စခန်းက ယခင် အပတ်ကထက် တန်ချိန် ၄၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ဆန်အမျိုးအစား များကတော့ ငစိန် ၂၅ မှတ်၊ ဧည့်မထ ၂၅ မှတ်၊ ဆန်ကွဲ၊ ပဲခူးတိုင်းဒေသကြီးက ထွက်ရှိတဲ့ ငစိန် ၁၅ မှတ်နဲ့ ငစိန် ၁၀ ရာခိုင်နှုန်းတို့ဖြစ်တယ်လို့ သိရပါတယ်။MIRT(DOBT)