Main menu

Background

ပင်လယ်ရေကြောင်း ပြောင်းအပို့ ဆက်လက်ကျဆဲ

Mon, 02/06/2012 - 09:53 -- Anonymous (not verified)

    စင်္ကာပူ၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့သို့ ဇန်နဝါရီလ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၃၀၃ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၁၁၀၀ ခန့် ပင်လယ်ရေကြောင်းမှ တင်ပို့မှုရှိခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံ အလိုက်တင်ပို့မှုတွေကတော့ ဖိလစ်ပိုင်သို့ ၇၄၄ တန်၊ ဗီယက်နမ်နိုင်ငံသို့ ၂၄၀ တန်နဲ့ စင်္ကာပူသို့ ၁၁၅ တန် အသီးသီးတင်ပို့နိုင်တာ ဖြစ်ပါတယ်။ ယခင်အပတ်က ၂၁၆၆ တန် တင်ပို့ခဲ့တာဖြစ်လို့ ယခုအပတ်မှာ တန် ၁၀၆၆ တန် တင်ပို့မှုလျော့နည်း ခဲ့ပါတယ်။ ယခင်အပတ်က မလေးရှားကို အပို့ရှိခဲ့သော်လည်း ယခုအပတ်မှာ အပို့ မရှိခဲ့ဘဲ ဗီယက်နမ်သို့ အပို့ရှိခဲ့ပါတယ်။ စင်္ကာပူသို့ တင်ပို့မှုမှာ ၈၉၃ တန်နဲ့ ဖိလစ်ပိုင် သို့ တင်ပို့မှု ၂၉၄ တန် အသီးသီးလျော့နည်းခဲ့တယ်လို့ သိရပါတယ်။ ယခုအပတ် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှသာ တန်ချိန်၃၄၆၅ တန် အပို့ရှိခဲ့ပြီး ယခင် အပတ်ကထက် တန် ၂၂၀၀ ခန့် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ယခုအပတ် FOB   ဈေးမှာ ယခင်အပတ်အတိုင်း ပြောင်းလဲမှုမရှိဘဲ FOB   တစ်တန် (၂၇၅-၂၉၅) ဒေါ်လာ ဈေးပေါက်လျက် ရှိပါတယ်။                   ရင်ငြိမ်းအေး