Main menu

Background

ကယားပြောင်းငါးနှစ်အတွင်း တင်ပို့မှု စံချိန်တင်

Mon, 02/06/2012 - 09:54 -- Anonymous (not verified)

    ကယားပြည်နယ်မှ စိုက်ပျိုးထွက်ရှိတဲ့ လယ်ယာထွက်ကုန်သီးနှံများအနက် အစေ့ထုတ်ပြောင်းစိုက်ပျိုး ထုတ်လုပ်မှုမှာ စပါးပြီးရင် ဒုတိယအများဆုံး စိုက်ပျိုး ထွက်ကုန်ဖြစ်ပြီး၊ ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ အစေ့ထုတ်ပြောင်း တင်ပို့မှုမှာ တန်ချိန် ၂၃၆၃၃ ရှိခဲ့တာကြောင့် ၅ နှစ်အတွင်း စံချိန်တင် တင်ပို့နိုင်ခြင်း ဖြစ်ကြောင်း သိရပါတယ်။    နှစ်အလိုက် ပြောင်းတင်ပို့နိုင်မှုမှာ ၂၀၀၇ ခုနှစ်မှာ တန်ချိန် ၉၄၅၅၊ ၂၀၀၈ ခုနှစ်မှာ ၁၃၇၃၅ တန်၊ ၂၀၀၉ ခုနှစ်မှာ ၁၈၀၅၂ တန်နဲ့ ၂၀၁၀ မှာ တန်ချိန် ၁၆၅၈၈ တို့ ဖြစ်ပါတယ်။ အခုလိုတင်ပို့မှု  တိုးတက်လာခြင်းမှာ ကယားပြည်နယ် ရဲ့ ပြောင်းအထွက်နှုန်းမှာ ပုံမှန်ဖြစ်သော်လည်း လျာထားချက် ဧကနှစ်သောင်း တစ်ထောင်ခန့်ကို ပြည့်မီအောင်စိုက်ပျိုးနိုင်ခဲ့တဲ့အပြင် အချို့လယ်ယာမြေများမှာ မိုးစပါးမစိုက်မီရေသွင်းပြီး၊ မိုးကြိုပြောင်းစိုက်ပျိုးမှုများ ရှိလာတာကြောင့်ဖြစ်ကြောင်း သိရပါတယ်။                                                 မင်းအောင်