Main menu

Background

အာဂျင်တီးနားနှင့် ဘရာဇီးတို့တွင် မိုးကောင်းမည့်အလားအလာများကြောင့် ကောက်နှံထွက်နှုန်း ကောင်းမွန်နိုင်သဖြင့် ပြောင်းနှင့် ပဲပုပ်ကြိုပွိုင့်ဈေးနှုန်းများ ကျဆင်း

Mon, 02/06/2012 - 09:56 -- Anonymous (not verified)

    တောင်အမေရိကတိုက်မှာ မိုးရွာသွန်းမှုခန့်မှန်းချက်နဲ့ ကောက်နှံထွက်ရှိမှု အလား အလာကောင်းတွေနဲ့ ကမ္ဘာ့ပြောင်းနဲ့ ပဲပုပ်အများဆုံးတင်ပို့တဲ့ အမေရိကန်ပြည်ထောင် စုရဲ့ပြောင်းကိုဝယ်လိုအားလျော့နည်းသွားနိုင်မှုတွေကြောင့် ပြောင်းနဲ့ပဲပုပ်ဈေးနှုန်းကျဆင်း သွားကြောင်းသတင်းရရှိတယ်။ အာဂျင်တီးနားနဲ့ ဘရာဇီးတို့မှာ လယ်ယာရဲ့ ၉၀ ရာခိုင် နှုန်း နီးပါးကလာမယ့် ၁၀ ရက်အတွင်းမှာ မိုးရေချိန်လက်မ ၃လက်မရရှိနိုင်ရာ ပြောင်း ဝတ်မှုန်ကူးဖို့နဲ့ပဲပုပ်ပန်းပွင့်မှုကို အကူအညီပေးနိုင်ကြောင်း မျှော်မှန်းထားကြောင်း ကမ္ဘာ့ မိုးလေဝသ စောင့်ကြည့်ရေးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတယ်။ ၎င်းင်းနိုင်ငံတွေက အမေရိကန်ပြည်ထောင်စုပြီးရင် ပဲပုပ်အများဆုံး စိုက်ပျိုးတဲ့ နိုင်ငံတွေဖြစ်တယ်။    ချီကာဂိုကုန်သွယ်ရေးမှာမတ်လသင်္ဘောတင်မယ့်ပြောင်းကြိုပွိုင့်ဈေးနှုန်းက ၁ဒသမ ၆ ရာခိုင်နှုန်းဈေးကျသွားကာတစ်ဘွတ်ရှယ်ကိုကန်ဒေါ်လာ ၆ ဒသမ ၃၁၇၅  (တစ်တန် ကို ကန်ဒေါ်လာ ၂၄၈ ဒသမ ၇၂) နဲ့ ချုပ်ဆိုခဲ့တယ်။ လွန်ခဲ့တဲ့ရက်သတ္တပတ်ကတော့ တောင်အမေရိကမှာ ခြောက်သွေ့တဲ့ ရာသီဥတုနဲ့ အမေရိကန် ပြည်ထောင်စုမှပြောင်းကို ဝယ်လိုအားကောင်းမွန်နိုင်တယ်ဆိုတဲ့ ထင်မြင်ချက်တွေကြောင့် ပြောင်းဈေးနှုန်း ၈ဒသမ ၁ ရာခိုင်နှုန်း တက်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။    ဒါ့အပြင် မတ်လသင်္ဘောတင်မယ့် ပဲပုပ်ကြိုပွိုင့်ဈေးနှုန်းကလည်း ၂ ဒသမ ၈ ရာခိုင်နှုန်း ဈေးကျသွားကာ တစ်ဘွတ်ရှယ်ကို ကန်ဒေါ်လာ ၁၁ ဒသမ ၈၅ (တစ်တန်ကို ကန်ဒေါ်လာ ၄၃၅ ဒသမ ၃၇) နဲ့ ချုပ်ဆိုခဲ့ရာ ၂၀၁၁ ခုနှစ် စက်တင်ဘာလနောက်ပိုင်း အနိမ့်ဆုံးကျဆင်းခြင်းပဲဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်ပတ်ကတော့ ပဲပုပ်ဈေးနှုန်းက ၅ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်။    ဈေးနှုန်းကျဆင်းရခြင်းမှာ အမေရိကန်ဒေါ်လာတန်ဖိုးတက်ခြင်းနဲ့ ဥရောပ ကြွေးမြီ အကျပ်အတည်းအပေါ်စိုးရိမ်မှုတွေကြောင့် ဝယ်လိုအားနှေးကွေးသွားမယ်ဆိုတဲ့ ထင်မြင် ယူဆချက်ကြောင့်လည်းပါဝင်ကြောင်းသတင်းရရှိပါတယ်။အမေရိကန်ဒေါ်လာက အခြား အဓိကငွေကြေး ၆ မျိုးနဲ့ လဲလှယ်ရာမှာတန်ဖိုးတက်ခဲ့ပြီး  Standard & Poor’s GSCI (SPGSCI) ရဲ့ဈေးနှုန်းအညွှန်းကိန်းအရကုန်စည် ၂၄ မျိုးရဲ့ ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါတယ်။                 အေးမွန်မွန်လှိုင်၊Source:www.blmmoberg.com