Main menu

Background

ပင်လယ်ရေကြောင်းမှ ရော်ဘာ တန် ၁၆၀၀ ခန့် အပို့ရှိ

Mon, 02/06/2012 - 09:58 -- Anonymous (not verified)

    ဇန်နဝါရီလ ၂၁ ရက်မှ ၂၈ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၅ ဒသမ ၀၆၂ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၅၉၈ တန်ခန့် တင်ပို့မှုရှိခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံအလိုက်တင်ပို့နိုင်မှု တွေကတော့ တရုတ်နိုင်ငံသို MSR -20  တန် ၅၀၀ ကျော်နဲ့ RSS -3   တန် ၂၀၀၊ မလေးရှားသို့ RSS -3   ၃၅၆ တန်နဲ့ RSS -5တန် ၄၀၊ စင်္ကာပူသို့  MSR -20   ၂၀၂ တန်ခန့်နဲ့ ဗီယက်နမ်သို့ MSR -20  တန် ၃၀၀ ကျော် အသီးသီး တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်က တင်ပို့ မှုထက် ၅၈ တန်ခန့်တင်ပို့မှု ပိုမိုခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ်တင်ပို့မှုန့ဲ နှိုင်းယှဉ်တဲ့အခါ တရုတ်၊ ဗီယက်နမ်နဲ့ စင်္ကာပူသို့ တင်ပို့မှုမှာ ၃၉၇ တန် အပို့ပိုခဲ့ပြီး မလေးရှားသို့တင်ပို့မှုမှာ ၃၃၉ တန် အပို့လျော့ခဲ့တာ တွေ့ရပါတယ်။ FOB  (ရန်ကုန်) ဈေးကတော့ RSS -3   တစ်တန်ကို ဒေါ်လာ ၃၅၀၀မှ ၃၆၀၀နဲ့  RSS -5 တစ်တန်ကို ဒေါ်လာ ၃၄၀၀ မှ ၃၅၀၀ အသီးသီး ဈေးပေါက်လျက်ရှိပြီး ယခင်အပတ်ကထက် ဒေါ်လာ ၁၀၀ စီ ပိုခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်မှ ယခုအပတ် ရော်ဘာအဆင့်စုံ တင်ပို့မှုတန်ချိန် ၆၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။ ရင်ငြိမ်းအေး