Main menu

Background

ယခုရက်သတ္တပတ်တွင် ရော်ဘာဈေးနှုန်းများ ဆက်လက်ခိုင်မာနိုင်

Mon, 02/06/2012 - 10:02 -- Anonymous (not verified)

    အပြည်ပြည်ဆိုင်ရာကြိုပွိုင့်ဈေးကွက်တွေကို ခြေရာခံကာ ယခုရက်သတ္တပတ်မှာ မလေးရှားရော်ဘာ ဈေးနှုန်းတွေ ဆက်တိုက် ခိုင်မာနိုင်ဖွယ်ရှိကြောင်းခန့်မှန်းထားတယ်။ ရောင်းလိုအားတင်းကျပ်မှုအခြေအနေများ၊ ထိုင်းနိုင်ငံရဲ့ ဈေးနှုန်းထောက်ပံ့ ပေးရေးစီမံချက်နဲ့ လောင်စာဆီဈေးနှုန်းခိုင်မာမှုတို့ကြောင့် ရော်ဘာဈေးကို ထောက်ပံ့ပေးနိုင်ကြောင်း ကုန်သည်တွေက ပြော ကြားလိုက်တယ်။    ကမ္ဘာမှာ ရော်ဘာအများဆုံးထုတ်လုပ်တဲ့ထိုင်းက ဈေးနှုန်းထောက်ပံ့ပေးရေးစီမံချက်အတွက် ဘတ်ငွေ ၁၅ ဘီလီယံကို အသုံးပြုဖို့သဘောတူညီလိုက်တယ်။ရက်သတ္တပတ်ဈေးကိုအခြေခံကာ မလေးရှား   SMR-20  ရော်ဘာဈေးနှုန်းက တစ်ကီလိုဂရမ် ကို ၁၅ ဒသမ ၅ sen  ဈေးတက်ကာ ၁၁၃၉ ဒသမ ၅ sen(တစ်တန်ကို ကန်ဒေါ်လာ ၃၇၄၈ ဒသမ ၃၅) ဈေးရှိခဲ့ပြီး latex  က တစ်ကီလိုဂရမ်ကို ၃၉ ျနည ဈေးတက်ကာ ၇၄၇sen (တစ်တန်ကို ကန်ဒေါ်လာ ၂၄၅၇ ဒသမ ၂၄) ဈေးရှိကြောင်း သတင်းရရှိပါတယ်။ ဒါ့ပြင် တိုကျိုကြိုပွိုင့်ရောင်းဝယ်ရေးမှာ ရော်ဘာဈေးနှုန်းတွေ နှစ်နှစ် ဆက်တိုက်ကျဆင်းနေရာမှ ပြန်လည် ကောင်းမွန်လာခဲ့ရာ ၂၀၁၁ ခုနှစ် စက်တင်ဘာလနောက်ပိုင်း အမြင့်ဆုံးဈေးနှုန်းဖြစ်ကြောင်း    JSC Corp  ရဲ့ စူးစမ်းလေ့လာမှုများ အရ သိရှိရတယ်။ အေးမွန်မွန်လှိုင်၊Source:biz.thestar.com.my