ပြည်ပနိုင်ငံများဖြစ်တဲ့ အိန္ဒိယ၊ ထိုင်းနဲ့ တရုတ်နိုင်ငံများမှ စက်မှုကုန် ကြမ်းများဝယ်ယူပြီး ထုတ်လုပ်ရခြင်း ကြောင့် ပြည်တွင်းစက်မှုထုတ်ကုန်ဈေး မြင့်ကာ တရုတ်အစားထိုး ဝင်လာတဲ့ ကုန်များအား မယှဉ်ပြိုင်နိုင်သဖြင့် လုပ် ငန်းအချို့ ရပ်ဆိုင်းမှုရှိကြောင်း မန္တလေး စက်မှုဇုန်ရှိ လုပ်ငန်းရှင်များမှ ပြောပါ တယ်။ 'သွင်' စက်မှုလုပ်ငန်းမှ ဦးစိန်မိုးမြင့် က "ပြည်တွင်းကထုတ်တဲ့ စက်မှုထုတ် ကုန်တွေလည်း အရည်အသွေးမီပါ တယ်။ စက်ကိရိယာ တော်တော်များ များလည်းထုတ်နိုင်တယ်။ တရုတ်ကဝင် တဲ့ထုတ်ကုန်တွေကိုမယှဉ်နိုင်လို့ ဈေး ကွက်မြင့်တဲ့အတွက် ကုန်ကြမ်းပေါပေါ များများရဖို့လိုတယ်။ ဒီမှာရှိတဲ့ကုန်ကြမ်း က စက်ရုံ၊ အလုပ်ရုံက စွန့်ပစ် ပစ္စည်း အတိုအစပဲရှိတာ။ ပြီးခဲ့တဲ့ တစ်နှစ်ခွဲ၊ နှစ်နှစ်လောက်ကစပြီး လုပ်ငန်းကျဆင်း လာကာ ဒီနှစ်တန်ခူးပြီးတော့ လုပ်ငန်း တော်တော်များများ အေးတယ်။ အခါ တိုင်းစက် သုံးလုံးလုပ်ရရင် ဒီအချိန်မှာ တစ်လုံးပဲ လုပ်ရတယ်။ ဆန်ဖွပ်စက်၊ ကွန်ပရက်ဆာ၊ ရေတင်စက်၊ ဆီစက် တွေဆို ရပ်ဆိုင်းသလောက်ဖြစ်သွားပြီ။ မလုပ်ရတော့ဘူး။ အမှုန့်ကြိတ်စက်၊ ရွှေစုပ်စက်နဲ့ ကျောက်ခွဲစက်တော့လုပ်ရ တယ်။ တရုတ်က အစားထိုးမသွင်းတဲ့ အတွက် လုပ်ငန်းလုပ်ရတာအဆင်ပြေ တယ်"လို့ ပြောပါတယ်။စက်မှုထုတ်ကုန်များမှာ ကုန်ကြမ်း အဖြစ် အများဆုံးအသုံးပြုရတဲ့ သံလုံး၊ သံပြား၊ ဟင်းဂလိုင်းများကို တိုက်ရိုက် ဝယ်ယူမရဘဲ ကုန်ကြမ်းသွင်းလာသူ များထံမှတစ်ဆင့် ပြန်လည်ဝယ်ယူရ ခြင်းကြောင့် ကုန်ကြမ်းဈေးမြင့်ကာ ကုန်ချောဈေး မြင့်ရောင်းရခြင်းကြောင့် အသေးစားနဲ့အလတ်စား စက်မှုလုပ် ငန်းများမှ မယှဉ်နိုင်ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဇူးဇူး
Background