ဂျပန်နိုင်ငံအစိုးရက သက်ရှိပတ်ဝန်းကျင်ဂေဟစနစ်ကို အထောက် အကူပြုတဲ့ မော်တော်ယာဉ်တွေအတွက် အထောက်အပံ့များပေးခြင်းကို ပြန်လည်ဆောင်ရွက်ပြီးနောက်ပိုင်း ကားရောင်းနှုန်းက ၂၀၁၂ ဇန်န ဝါရီလအတွင်း ၄၀ ရာခိုင်နှုန်းကျော် ထိုးတက်သွားခဲ့တယ်လို့ သိရတယ်။ဇန်နဝါရီလအတွင်း အင်ဂျင်ပါဝါ ၆၆၀ CC နဲ့အထက် တပ်ဆင် ထားတဲ့ယာဉ်တွေကို အစီးရေ စုစုပေါင်း ၂၆၃၂၆၇ အထိရောင်းချနိုင်ခဲ့ရာ ယခင်နှစ် အလားတူကာလ ရောင်းနှုန်းထက် ၄၀ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ ဂျပန်မော်တော်ကား ကုန်သည်များအသင်းက ပြော ကြားတယ်။ ဖော်ပြပါအစီးရေ ၂၆၃၂၆၇ မှာ ကားကြီးတွေဖြစ်တဲ့ လော်ရီ ကားတွေနဲ့ ဘတ်စ်ကားတွေလည်း ပါဝင်တယ်လို့ သိရတယ်။၎င်းင်းကားတွေမှာ တိုယိုတာအမျိုးအစားကားကို ၁၂၄၆၃၃ စီးရောင်း ချခဲ့ရပြီး ယခင်နှစ်အလားတူကာလက ရောင်းချရနှုန်းထက် ၄၇ ဒသမ ၁ ရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့တယ်လို့ သိရတယ်။ ဟွန်ဒါနဲ့ အီစူးဇူးအမျိုး အစားကားများ ရောင်းချရမှုက တိုယိုတာကားအမျိုးအစားထက် လျော့ နည်းသော်လည်း ယခင်နှစ်အလားတူ ကာလကထက်စာရင် များစွာတိုး တက်ခဲ့ကြောင်း၊ ရာခိုင်နှုန်းအနေနဲ့ ဟွန်ဒါကားရောင်းချရမှုက ယခင်နှစ်က ထက် ၅၉ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အီစူးဇူးကား ရောင်းနှုန်းက ၆၀ ဒသမ ၆ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သိရတယ်။Source:timesofindia.indiatimes.com၊ ပပ
Background