ပြည်ပတွင်သွားရောက်အလုပ်လုပ် ကိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံသား အလုပ်သမားများက မြန်မာနိုင်ငံရှိ မိ သားစုများထံ ငွေလွှဲပေးပို့ရာ၌ လျင်မြန် ချောမွေ့ပြီး လုံခြုံစိတ်ချစွာပေးပို့နိုင်ရန် အတွက် နိုင်ငံခြားသုံးငွေများ ရောင်း ဝယ်ဖောက်ကားခွင့် လိုင်စင်ရပုဂ္ဂလိက ဘဏ်လေးဘဏ်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ၂၀၁၁ခုနှစ် နိုဝင်ဘာလ ၁၄ရက်နေ့တွင် ပြည်ပငွေလွှဲလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုခဲ့သည်။အဆိုပါ ဘဏ်လေးဘဏ်မှာ သမ ဝါယမဘဏ်၊ ကမ္ဘောဇဘဏ်၊ အာရှ စိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်နှင့် ဧရာဝတီ ဘဏ်တို့ဖြစ်ကြောင်း သိရသည်။ သမ ဝါယမဘဏ်သည် စင်ကာပူနိုင်ငံတွင် လည်းကောင်း၊ ကမ္ဘောဇဘဏ်သည် ထိုင်းနိုင်ငံတွင် လည်းကောင်း၊ ဧရာဝတီ ဘဏ်သည် မလေးရှားနိုင်ငံတွင်လည်း ကောင်း၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ်သည် စင်ကာပူနိုင်ငံနှင့် မလေး ရှားနိုင်ငံတို့တွင်လည်းကောင်း ငွေလွှဲ လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် နိုင်ငံ တော်မှခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ထိုကဲ့သို့ ပြည်ပငွေလွှဲလုပ်ငန်းများ ကို တရားဝင်ဆောင်ရွက်ခွင့်ပြုခြင်းအား ဖြင့် ပြည်ပတွင် သွားရောက်အလုပ်လုပ် ကိုင်လျက်ရှိကြသည့် မြန်မာအလုပ်သ မားများက မြန်မာနိုင်ငံရှိမိသားစုများထံ တရားဝင်လမ်းကြောင်းမှ လုံခြုံစိတ်ချ စွာ ငွေလွှဲပေးပို့နိုင်ခြင်း၊ ပြည်ပအလုပ် သမားများထံမှ လွှဲပို့သည့် နိုင်ငံခြားငွေ ပမာဏကို တိကျစွာသိရှိနိုင်ခြင်း၊ တိုင်း ပြည်ဝင်ငွေကို ခန့်မှန်းတွက်ချက်ရာတွင် အထောက်အကူဖြစ်စေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ် သည်။ ယခုအခါ ယင်းဘဏ်များသည် ပြည်ပငွေလွှဲလုပ်ငန်းများကို ဆောင်ရွက် နိုင်ရန်အတွက် သက်ဆိုင်ရာနိုင်ငံများရှိ နိုင်ငံခြားဘဏ်များနှင့် ညှိနှိုင်းဆောင် ရွက်လျက်ရှိပြီး ၂၀၁၂ခုနှစ် ဖေဖော်ဝါရီ လနှင့် မတ်လတို့တွင် လုပ်ငန်းများစတင် အကောင်အထည်ဖော်တော့မည် ဖြစ် ကြောင်း သိရှိရသည်။ မယ်သီတာ
Background