Main menu

Background

ပြည်တွင်းမှ ပျိုးပင်များကို ပြည်ပတင်ပို့ရန် အစီအစဉ်ရှိ

Mon, 02/06/2012 - 10:19 -- Anonymous (not verified)

ပြည်တွင်းမှ ပျိုးပင်များကို ပြည်ပ သို့တင်ပို့ရန် အစီအစဉ်ရှိကြောင်း၊ အမှာ စာများရှိကြောင်း၊ သစ်ပင်ပန်းမန် စိုက် ပျိုးပင်များ   စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအစုအဖွဲ့ဥက္ကဋ္ဌက ပြော ပါတယ်။"ပြည်တွင်းမျိုးကိုမှာယူတာရှိတယ်။ မလုပ်နိုင်သေးဘူး။  မလေးစကားဆို ကွန်တိန်နာတစ်စီးလိုချင်လို့ မှာယူမှုရှိ တယ်။ တခြားမျိုးတွေလည်း လိုချင် တယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံရဲ့ စိုက်ပျိုး ရေးမှာ ကာကွယ်တဲ့ဥပဒေရှိနေတယ်။ တရုတ်နိုင်ငံကဆို နှင်းဆီပင်၊ အုန်းထန်း အုပ်စု၊ ပေပင်အုပ်စုအပင်တွေ ဝယ်ယူ လိုတယ်။ ပြည်တွင်းမှာရှိတဲ့ မျိုးရင်းက များတယ်။ ဒီကမျိုးရင်းကို သူတို့က တခြားပင်နဲ့ကိုင်းဆက်ပွားစိုက်ကြတယ်။ ဒါကြောင့်ပို့လို့ရပြီဆိုရင် အဆင်ပြေ အောင်ကြိုတင်ပြီး  စိုက်ပျိုးမှုလုပ်နေ တယ်။ စိုက်ပျိုးတဲ့  အခါမှာလည်း Organic  farming နဲ့ Fertilizer   နဲ့ တစ်ဝက်စီ ကျင့်သုံးစိုက်ပျိုးနေပြီ။ မှို ဆေး၊ ပိုးသတ်ဆေး၊ Chemical  ပါဝင် မှုလျှော့သုံးနေပြီ။ လုံးဝကြီးတော့ မစွန့် လွှတ်နိုင်သေးဘူး"လို့ အထက်ပါပုဂ္ဂိုလ် က ပြောပါတယ်။ပြည်တွင်းသစ်မင်းအုပ်စု (Dragon  Blood)ပင်ကို မြန်မာနိုင်ငံမှာလို သစ် တောမရှိတဲ့နိုင်ငံများမှလည်း ဝယ်ယူလို ကြောင်း၊ ပြည်တွင်းမှလည်း လူနေမှု အဆင့် မြင့်လာတာနဲ့အမျှ သစ်ပင်စိုက် ပျိုးမှုများလာကြောင်း  သိရပါတယ်။ ပြည်ပကို သစ်ပင်ပန်းမန်များ တင်ပို့ရင် အဆင်ပြေနိုင်ဖို့အတွက် မန္တလေးတိုင်း ဒေသကြီးမှာ သစ်ပင်ပန်းမန် စိုက်ပျိုး ထုတ် လုပ်သူများအစုအဖွဲ့မှာ ပါဝင်သူ များအား Organic  farming သင် တန်းများ သင်တန်းပေးလျက်ရှိကြောင်း၊ နောင်နှစ်မှာ Land  Scape မြေယာ ရှုခင်းအလှဆင်ခြင်းသင်တန်းကို လစဉ် သင်တန်းပေးရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။                 ဇူးဇူး