Main menu

Background

မန္တလေးသစ်သီးဈေးကွက်မှာ ထိပ်ကပြေးနေတဲ့ လိမ္မော်

Mon, 02/06/2012 - 10:20 -- Anonymous (not verified)

              မန္တလေးသစ်သီးဈေးကွက်မှာ လိမ္မော်ကတော့ ထိပ်ကပြေးနေပါတယ်။ မိုးကုတ်လိမ္မော်တွေ တုံးခါနီးပြီး မိုင်းလုံသီး တွေလည်း အဝင်လျော့လာတယ်။ ဟမ္မငိုင်းသီးတွေကတော့ အဝင်များပြီး အရောင်းသွက်လျက်ရှိပါတယ်။ မိုးကုတ်၊ မိုင်းလုံသီး တွေကုန်သွားရင် ဟမ္မငိုင်းသီးက လှောင်နိုင်တဲ့အတွက် ဟမ္မငိုင်းသီးပဲကျန်မှာဖြစ်ပြီး တပေါင်း၊ တန်ခူးထိ ဝင်နိုင်ပါတယ်။ အဲဒီအချိန်မှာဆို လိမ္မော်တွေ ရှားလာတဲ့အတွက် ဈေးကောင်းမယ်။  ယခုချိန် လိမ္မော်ဈေးမှာ အချိန် ၁၀၀ ကို ၄၅၀၀၀ ကျပ်ကနေ ၈၀၀၀၀ ကျပ်ထိရှိပါတယ်။ လိမ္မော်ပြီးရင် ရှေ့လျှောက် ပူလာမှာဖြစ်ရာ ဖရဲသခွားဘက် အရောင်းလှည့်တော့မှာဖြစ်တယ်လို့လဲ သိရပါတယ်။ စပျစ်လည်း ဈေးကွက်ထဲမှာ စရောက်ကာစပဲရှိလို့ အဝင်နည်းပြီး အရောင်းလည်းအေးနေပါတယ်။ သစ်သီးဈေးကွက်မှာတော့ ဖရဲတစ်လုံး ၅၀၀ ကျပ်၊ ၆၀၀ ကျပ်၊ သခွားမွှေးတစ်လုံး ၄၀၀ ကျပ်၊ ၅၀၀ ကျပ်၊ စပျစ်တစ်ဖာ ၅၀၀၀ ကျပ်၊ ၆၀၀၀ ကျပ်၊ ပန်းသီးကျွတ်တစ်ဖာ ၁၂၀၀၀ ကျပ်၊ ပန်းသီးကျွတ်ရှယ် တစ်ဖာ ၁၇၀၀၀ ကျပ်၊ ပန်းသီးယိုးဒယား တစ်ဖာ ၂၃၀၀၀ ကျပ်ဈေး တွေရှိတယ်လို့ သစ်သီးပွဲရုံဈေးကွက်က သိရပါတယ်။                                                အေးအေးတင့်