Main menu

Background

အမျိုးသားဖွံ့ဖြိုးရေးအတွက် အင်တာနက်သုံးစွဲမှု အရှိန်မြှင့်ဖို့ မလေးရှားနိုင်ငံက တိုက်တွန်း

Mon, 02/06/2012 - 10:22 -- Anonymous (not verified)

    အင်တာနက် အသုံးပြုတာကနေ အကျိုးအမြတ်ရရှိအောင် မဖော်ထုတ် ရသေးတဲ့နယ်ပယ်တွေ ရှိနေသေးတဲ့ အတွက် အင်တာနက် အသုံးပြုတာကို အရှိန်အဟုန်မြှင့်ဖို့အသေးစားနဲ့အလတ် စား စီးပွားရေးလုပ်ငန်း( SME )  တွေကို တိုက်တွန်းထားကြောင်း Google Malaysia   ရဲ့ နိုင်ငံလိုက်မန်နေဂျာ ဆာဂျစ်သီဗန်နန်ဒန်က ပြောပါတယ်။    ဒီလိုအလားအလာရှိတဲ့ နယ်ပယ် တွေက မလေးရှားနိုင်ငံကို SME   တွေ ကတစ်ဆင့် တိုင်းပြည်စီးပွားရေး ခုန် ပျံ ကျော်လွှား တိုးတက် နိုင်အောင် အထောက်အကူ ပေးနိုင်လိမ့်မယ်လို့ သူက ဇန်နဝါရီ ၃၁ ရက်က ပြောပါ တယ်။    အခမ်းအနားကို သတင်း အချက် အလက်ဆက်သွယ်ရေးနဲ့ ယဉ်ကျေးမှု ဒုတိယဝန်ကြီး ဒါကွက်ဂျိုးဇက်ဆာလန်း လည်း တက်ရောက်ပါတယ်။    အင်တာနက် စီးပွားရေးက မလေး ရှား တိုးတက်မှုရဲ့ အနာဂတ်ဖြစ်တယ် လို့ ပြောပါတယ်။ လောလောဆယ်မှာ စီးပွားရေးလုပ်ငန်း ဆောင်ရွက်နေသူ ၇၀၀၀၀၀ အနက် မလေးရှား SME  ၁၀၀၀လောက်မှာသာဝက်ဘ်ဆိုက်တွေ ရှိနေတယ်လို့ဆာလန်းကပြောပါတယ်။    ပြည်တွင်းထုတ်ကုန်တွေ ကမ္ဘာ့ စင်မြင့်ရောက်ဖို့နဲ့ ဈေးကွက်သစ်တွေ ရဖို့အတွက် အင်တာနက်က ဈေး အသက်သာဆုံး နည်းလမ်းဖြစ်ကြောင်း ဆာလန်းကပြောပါတယ်။Source: bernama.com