Main menu

Background

အိန္ဒိယတွင် ခရီးသည် တစ်သောင်းကျော် ဆိုက်ရောက် ဗီဇာရရှိ

Mon, 02/06/2012 - 10:23 -- Anonymous (not verified)

    အိန္ဒိယနိုင်ငံအတွင်းသို့ ၂၀၁၁ ခုနှစ်ကနိုင်ငံပေါင်း ၁၁ နိုင်ငံမှ ဆိုက်ရောက် ဗီဇာဖြင့်ဝင်လာသူ နိုင်ငံခြားသားခရီးသည် ၁၂၀၀၀ကျော်ရှိပါတယ်။ အများစုက နယူးဇီလန်၊ ဂျပန်နဲ့ အင်ဒိုနီးရှားတို့က ဖြစ်တယ်လို့ ခရီးသွားဝန်ကြီးဌာနက ဇန်နဝါရီ ၃၁ ရက်က ပြောပါတယ်။    ၂၀၁၁ ခုနှစ် အတွင်းမှာ ဆိုက်ရောက်ဗီဇာ ၁၂၇၆၁ စောင်ထုတ်ပေးရ တယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။ ၂၀၁၀ ပြည့်နှစ်က ဆိုက်ရောက် ဗီဇာဖြင့် ဝင်လာသူ ၆၅၀၀ ရှိပါတယ်။    ၂၀၁၁ ခုနှစ်က ဗီဇာအများဆုံးရရှိတဲ့ နယူးဇီလန်က ၂၇၆၂ ဦးနဲ့ အများဆုံးဖြစ်ပြီး၊ ဂျပန် (၂၃၄၄)၊ အင်ဒိုနီးရှား (၂၀၆၃)၊ ဖိလစ်ပိုင် (၁၉၅၆)၊ စင်ကာပူ (၁၈၄၈) နဲ့ ဖင်လန် (၁၃၃၅) တို့က နောက်မှလိုက်ပါလျက် ရှိပါတယ်။    ဆိုက်ရောက်ဗီဇာခံစားခွင့်ရခဲ့တဲ့ အခြားနိုင်ငံတွေက ကမ္ဘောဒီးယား(၁၄၉)၊ ဗီယက်နမ်(၁၄၅)၊ မြန်မာ (၇၁) နဲ့ လာအို (၁၄) တို့ဖြစ်ပါတယ်။၂၀၁၁ ခုနှစ် ဒီဇင်ဘာတုန်းက နိုင်ငံခြားခရီးသည် (၁၆၄၀) ကို ဆိုက်ရောက် ဗီဇာထုတ်ပေး ခဲ့ရပြီးနိုဝင်ဘာမှာ ၁၃၈၂ ဦးထုတ်ပေးခဲ့ရတယ်လို့ အရာရှိတွေက ပြောပါတယ်။    ခရီးသွားလုပ်ငန်းကထုတ်ပြန်ချက်အရ ၂၀၁၁ ခုနှစ်အတွင်းဗီဇာအများဆုံး ထုတ်ပေးရတဲ့ လေဆိပ်က ဒေလီလေဆိပ် ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ဒေလီ လေဆိပ်ကဗီဇာ ၇၃၄၀ ထုတ်ပေးခဲ့ရပြီး မွန်ဘိုင်း၊ ချန်နိုင်းနဲ့ ကိုလ်ကာတားတို့ က ၂၈၁၆၊ ၁၉၄၄၈ နဲ့ ၆၅၇ စောင်အသီးသီးထုတ်ပေးခဲ့ရပါတယ်။    ဒီအစီအစဉ်ကို ၂၀၁၀ ခုနှစ် ဇန်နဝါရီ ၁ ရက်က စတင်ဆောင်ရွက်ခဲ့တာ ဖြစ်ပြီးမူလက ဖင်လန်၊ ဂျပန်၊ လူဇင်ဘတ်၊ နယူးဇီလန်နဲ့ စင်ကာပူတို့ကို ထုတ် ပေးခဲ့ရပါတယ်။ တုံ့ပြန်မှု ကောင်းမွန်လာပြီး နောက်ပိုင်း ကမ္ဘောဒီးယား၊ အင်ဒို နီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ လာအိုနဲ့ မြန်မာတို့ကို ၂၀၁၁ ခုနှစ် ဇန်နဝါရီက စပြီး ဆောင်ရွက်ပေးခဲ့ပါတယ်။    Source: Southasianews.com