Main menu

Background

သက်တမ်းလွန် Work Pass တွေကို စင်ကာပူတွင် ထပ်မံဖမ်းဆီး

Mon, 02/06/2012 - 10:24 -- Anonymous (not verified)

    Work Pass  သက်တမ်းကျော် လွန်တဲ့ အတွက် စင်ကာပူ လူအင်အား ဝန်ကြီးဌာနက နိုင်ငံခြားသား ၁၁၀၁ဦး ကို ဖမ်းဆီးခဲ့ရာ ၂၀၁၀ ပြည့်နှစ်က ထက် ၆ ရာခိုင်နှုန်း ပိုမိုခဲ့ပါတယ်။    တရားမဝင် အလုပ်ခန့်ထားမှု သို့ မဟုတ် အလုပ်အကိုင်နေရာ ပြောင်း ရွှေ့ချထားရာတွင် ပြစ်မှု ကျူးလွန်မှု တို့ကြောင့် တရားစွဲဆိုခံရတဲ့ အလုပ်ရှင် အရေအတွက် ၂၀၁၀ခုနှစ်က ၁၀၈ ဦး ရှိခဲ့ရာမှ ယခုနှစ်မှာ ၆၈ ဦး ရှိခဲ့ပါတယ်။ ဤကိန်းဂဏန်းများကို လူအင်အား ဝန်ကြီးဌာနရဲ့ ဘူသါ  မှာ ဇန်နဝါရီ ၃၀ ရက်က ဖော်ပြထားပြီး တမ်ပိုင်း စင်ထရယ်မှာရှိတဲ့ အဝတ်အထည် ရောင်းတဲ့ဆိုင် ၁၁ ကို စစ်ဆေးတဲ့ စစ် ဆေးချက် အသေးစိတ်ကို ဖော်ပြ ထားပါတယ်။ တွန်းလှည်းနဲ့ လှည့်လည် ရောင်းချသူ နိုင်ငံခြားသားခြောက်ဦးကို နိုင်ငံခြားသား အလုပ်အကိုင်နေရာ ချထားမှုအက်ဥပဒေအရ အရေးယူခဲ့ပါ တယ်။    အရေးယူခဲ့ရတဲ့အထဲမှာ အားလပ် ရက်မှာ လူမှုရေး အလည်အပတ်ဗီဇာနဲ့ ရောက်လာပြီး သူမရဲ့သူငယ်ချင်းကို တွန်းလှည်းနဲ့ ကူရောင်းပေးခဲ့သူတစ်ဦး လည်းပါဝင်ပါတယ်။ တခြားတစ်ဦးက တော့ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ အလုပ် လုပ်ဖို့ Work Permit   ရထားသူ တစ်ဦးဖြစ်ပါတယ်။ လူအင်အားဝန်ကြီး ဌာနက စစ်ဆေးတွေ့ရှိချက်အရ Work Permit   ရရှိထားသူတွေအားလုံးကို တွန်းလှည်းနဲ့ရောင်းတဲ့ ဝန်ထမ်းနဲ့ လက်လီ စတိုးဆိုင်မှာ ဆောင်ရွက်ဖို့ နေရာပြောင်းရွှေ့ခန့်ထားတဲ့ အလုပ်ရှင် တွေလည်းပါဝင်ပါတယ်။    Work Permit    ရဲ့ အခြေအနေကို အပြောင်းအလဲလုပ်ပြီး စည်းကမ်း ဖောက်ဖျက်နေတဲ့ အလုပ်ရှင်တွေကို ဝန်ကြီးဌာနက ရှာဖွေဖော်ထုတ် နေ ပါတယ်။ တရားမဝင်အလုပ်ခန့်ထားမှု သို့မဟုတ် အလုပ်အကိုင်ပြောင်းရွှေ့ နေရာချထားမှုပြုလုပ်သူကို စင်ကာပူ ဒေါ်လာ ၁၅၀၀၀ သို့မဟုတ် ထောင် ဒဏ် ၁၂ လ သို့မဟုတ် နှစ်ရပ်ပေါင်း ချမှတ်နိုင်ပါတယ်။ ဒီလိုအလုပ်ရှင်တွေ ကို နိုင်ငံခြား အလုပ်သမား ငှားရမ်းတာ ကို ဆိုင်းငံ့တဲ့ ပြစ်ဒဏ် ချမှတ်နိုင်ပါ တယ်။ Source: todayonline.com