Main menu

Background

ထိုင်းရေကြီးမှုဂယက် မှေးမှိန်လာတဲ့အတွက် ဂျပန်စက်ရုံများမှ ထုတ်လုပ်မှု ဦးမော့လာ

Mon, 02/06/2012 - 10:26 -- Anonymous (not verified)

    ထိုင်းနိုင်ငံမှာ ပြင်းထန်တဲ့ရေလွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်ရ တဲ့ အဟန့်အတားတွေကို ကုမ္ပဏီတွေက ကျော်လွှားနိုင်တဲ့ အတွက် ဂျပန်စက်ရုံတွေက ဒီဇင်ဘာကုန်ထုတ်လုပ်မှုက ခန့်မှန်းထားတာထက် ပိုမိုမြင့်တက်လာ ခဲ့ပါတယ်။ ဒါပေမဲ့ ယန်းငွေ တန်ဖိုးထပ်မံမြင့်တက်လာတာနဲ့ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုနှေးကွေးလာတာတွေကြောင့် ခိုင်ခိုင်မာမာနာလန် ထူလာဖို့အတွက် အလှမ်းဝေးနေပါသေးတယ်။    ယန်းငွေ အဆမတန်တိုးတက်လာတာနဲ့ ပတ်သက်ပြီး ဈေးကွက်တွေကို ဘဏ္ဍာရေးဝန်ကြီး ဂျန်အဇုမိက သတိပေး ပြောကြားခဲ့ပြီး တကယ်လို့ယန်းငွေတန်ဖိုး အဆမတန်ဆက် လက် မြင့်တက်လာရင် ဈေးကွက်ထဲကိုဝင် ရောက်ကိုင်တွယ် မှာ ဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့ပါတယ်။    "ကျွန်တော့်ရဲ့  ရပ်တည်ချက်က မပြောင်းလဲပါဘူး။ မတည်မငြိမ်ဖြစ်တာ ပိုဆိုးလာပြီးဈေးကစားတာတွေ လုပ်လာ ရင် အနီးကပ်စောင့်ကြည့်နေပြီး လိုအပ်ရင်အရေးယူ ဆောင် ရွက်မှာပါ" ဟု ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အဇုမိက ပြောပါတယ်။    ယန်းငွေတန်ဖိုးက ဒေါ်လာနဲ့ ဖလှယ်ရာမှာ သုံးလ အတွင်းရှိခဲ့တဲ့ ဈေးနှုန်းများအနက် အမြင့်ဆုံးကို ရောက်ရှိခဲ့တဲ့ အတွက် မတ်လမြေငလျင်ဖြစ်ပွားစဉ်ကတစ်ကြိမ်၊ ထိုင်းနိုင်ငံ ရေကြီးစဉ်က တစ်ကြိမ်လွန်ခဲ့တဲ့နှစ်က နှစ်ကြိမ်ဘေးဒဏ်ခံခဲ့ ရာမှ နာလန်ထူလာတဲ့ဂျပန်ထုတ်လုပ်သူတွေအတွက် အခက် အခဲကို ဖြစ်ပေါ်စေခဲ့ပါတယ်။    ဖြန့်ဖြူးရေးကွင်းဆက်ပြန်လည်ခေါင်းထောင်လာတာ က ရေတိုမှာ စက်ရုံထုတ်လုပ်မှုကို အထောက်အကူ ဖြစ်စေခဲ့တာ ကို တွေ့မြင်ရပေမဲ့ ကမ္ဘာစီးပွားရေးဖွံ့ဖြိုးမှုနှေးကွေးမှု၊ ယူရိုဇုန် အကျပ်အတည်းနဲ့ ယန်းငွေ တန်ဖိုးမြင့်တက် နေတာတွေက ပင်လယ်ရပ်ခြားမှ ဝယ်လိုအားကို ကျဆင်းစေတဲ့အတွက် ရေရှည် အလားအလာကို မှေးမှိန်စေခဲ့ပါတယ်။ ဒီဇင်ဘာလ မှာ စက်ရုံတွေရဲ့ ထုတ်လုပ်မှုက ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ရာ နိုဝင်ဘာက ၂ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းတာကနေ ပြန်လည်မြင့်တက်လာတာကို ဇန်နဝါရီ ၃၀ ရက် ထုတ်ပြန်တဲ့ ကုန်သွယ်ရေးဝန်ကြီး ဌာနရဲ့ စာရင်းဇယားများအရ တွေ့ရပါ တယ်။                      Source: reuters.com