Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Mon, 02/06/2012 - 10:28 -- Anonymous (not verified)

    ကမ္ဘာ့စီးပွားရေးပြန်လည်နာလန် ထူနေပြီဆိုတဲ့ အကောင်းမြင်မှုကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက ဒေသ တွင်းသို့ ငွေများသွင်းယူလာကြသဖြင့် တရုတ်(တိုင်ပေ) က ဦးဆောင်ပြီး အာရှ ငွေကြေးတွေ ပဉ္စမမြောက်သီတင်းပတ် အဖြစ် မြင့်တက်ခဲ့ပါတယ်။ အာရှဒေ သတွင်းမှာ အရောင်းအဝယ်အများဆုံး ငွေကြေး ၁၀ ခုကိုမှတ်တမ်းတင်ထားတဲ့ Asia Dollar Index    က စင်ကာပူမှာ ဖေဖော်ဝါရီ ၂ ရက် ညနေ ၄ နာ ရီ ၂၉ မိနစ်က သုည ဒသမ ၂ ရာခိုင် နှုန်းကျဆင်းပြီး ၁၁၇ ဒသမ ၆၅ ထိ ရောက်ရှိခဲ့တယ်။     ဖေဖော်ဝါရီ ၃ ရက်မှာကုန်ဆုံးတဲ့ သီတင်းပတ်အတွင်း ပထမလေးရက်တွင် ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့တို့က တောင်ကိုရီးယား၊ တရုတ်(တိုင်ပေ)နဲ့ ထိုင်းရှယ်ယာတွေကို အရောင်းထက် အဝယ်က ဒေါ်လာ ၂ ဒသမ ၅ ဘီလီ ယံပိုမိုဝယ်ယူခဲ့ကြောင်း အဝယ်ဒိုင်များ မှရရှိတဲ့ စာရင်းတွေအရသိရပါတယ်။တရုတ်ယွမ်    ယွမ်ငွေကြေးတန်ဖိုးက ဖေဖော် ဝါရီ ၃ ရက်မှာ ဒေါ်လာနဲ့ ဖလှယ်ရာမှာ တန်ဖိုးအနည်းငယ်ကျဆင်းပြီး ဈေးပိတ် ခဲ့ပါတယ်။ ဒါပေမဲ့လာမဲ့ရက်သတ္တနှစ် ပတ်မှာ ယွမ်ငွေကြေးက အနည်းငယ် မြင့်တက်မယ်လို့ ခန့်မှန်းကြတဲ့အတွက် သီတင်းပတ်အလိုက် နှိုင်းယှဉ်ပါကအ နည်းငယ်မြင့်တက်ခဲ့ပါတယ်။    ယွမ်ငွေတန်ဖိုးက ကျဆင်းခဲ့ပေမဲ့ မနက်ပိုင်းဈေးကွက်မှာ တစ်ဒေါ်လာကို ၆ ဒသမ ၃ ယွမ်နီးပါးရှိနေပါတယ်။ လက်ငင်းဈေးကွက်မှာ တစ်ဒေါ်လာကို ၆ ဒသမ ၃၀၂၈ ယွမ်နှုန်းရှိခဲ့တဲ့အတွက် ဖေဖော်ဝါရီ ၂ ရက်ဈေးပိတ်ချိန်ကရှိခဲ့ တဲ့ ၆ ဒသမ ၃၀၁၈ ယွမ်နှုန်းအောက် တန်ဖိုးအနည်းငယ်ကျခဲ့ပါတယ်။ နှစ်ကူး ပွဲရှိတဲ့အတွက် ပြီးခဲ့တဲ့သီတင်းတစ်ပတ် လုံးဈေးတွေ ပိတ်ခဲ့ပါတယ်။အိန္ဒိယရူပီး    ဖေဖော်ဝါရီ ၃ ရက်မနက်ပိုင်း ဈေးကွက်မှာ ဘဏ်အချင်းချင်းနိုင်ငံခြား ငွေဈေးကွက်မှာ ရူပီးတန်ဖိုးက သုည ဒသမ ၀၆ ရူပီးနှုန်းမြင့်တက်ပြီး တစ် ဒေါ်လာကို ၄၉ ဒသမ ၀၉ ရူပီးနှုန်းရှိပြီး သုံးလအတွင်းရှိခဲ့တဲ့ နှုန်းများအနက် အ မြင့်ဆုံးဖြစ်ခဲ့ပါတယ်။    အိန္ဒိယဈေးကွက်ထဲကို နိုင်ငံခြား မတည်ငွေတွေ ဆက်လက်စီးဝင်မှုနဲ့ ကမ္ဘာ့ဈေးကွက်ထဲမှာ ယူရိုနဲ့ ဖလှယ်ရာ မှာ ဒေါ်လာအားပျော့နေမှုတို့က အဓိ ကအားဖြင့် ရူပီးအပေါ်ယုံကြည်မှုကို မြင့်တက်စေခဲ့တယ်လို့ ဝယ်ရောင်းသ မားတွေကပြောပါတယ်။ဂျပန်ယန်း    ယန်းငွေတန်ဖိုးမြင့်တက်နေတာ ကိုဝင်ရောက်ကိုင်တွယ်တော့မယ့် အ နေအထားမျိုး ဂျပန်အစိုးရက သတိပေး ချက်ထုတ်ပြန်ပြီးနောက်ပိုင်း ဖေဖော်ဝါ ရီ ၃ ရက်က တိုကျိုမှာ ဒေါ်လာရဲ့တန် ဖိုးက ယန်းနဲ့ ယူရိုတို့နဲ့ ဖလှယ်ရာမှာ ဒေါ်လာ တန်ဖိုးခပ်ပါးပါး မြင့်တက် ခဲ့ပါတယ်။    ဒေါ်လ/ယန်းဖလှယ်နှုန်းက ဖေဖော်ဝါရီ ၂ ရက် ညနေ ၅ နာရီက နယူးယောက်မှာ တစ်ဒေါ်လာကို ၇၆ ဒသမ ၁၆ ယန်းနဲ့ တိုကျိုမှာ ၇၆ ဒသမ ၁၂ ယန်းရှိနေရာမှ ၃ ရက်နေ့ ညနေ ၅ နာရီမှာ တစ်ဒေါ်လာကို ၇၆ ဒသမ  ၁၈ ယန်းနှုန်းရှိခဲ့ပါတယ်။ တစ်နေ့တာ အတွင်း ဈေးနှုန်းက ၇၆ ဒသမ ၁၄ ယန်းနဲ့ ၇၆ ဒသမ ၂၆ ယန်းကြားရှိပြီး ၇၆ ဒသမ ၁၉ ယန်းနှုန်းနဲ့ အရောင်း အဝယ် အဖြစ်များပါတယ်။မလေးရှားရင်းဂစ်    ထွန်းသစ်စနိုင်ငံများရဲ့ ငွေကြေး များကို နှစ်သက်မှု  ပိုမိုလာခြင်းနဲ့ ဒေါ်လာအပေါ် စိတ်ဝင်စားမှုနည်းလာ ခြင်းတို့ကြောင့် ဖေဖော်ဝါရီ ၃ ရက်မှာ ရင်းဂစ်တန်ဖိုးက ဒေါ်လာနဲ့ ဖလှယ်ရာ မှာ တန်ဖိုးမြင့်တက်ခဲ့ပါတယ်။    ရင်းဂစ်တန်ဖိုးက ဒေါ်လာနဲ့ဖ လှယ်ရာမှာ ဖေဖော်ဝါရီ ၂ ရက်က တစ် ဒေါ်လာကို ၃ ဒသမ ၀၁၆၀ ရင်းဂစ်နှုန်း ရှိခဲ့ရာမှ ၃ ရက် ညနေ ၅ နာရီမှာ ၃ ဒသမ ၀၁၂၀ ရင်းဂစ်နှုန်းထိတန်ဖိုးမြင့် တက်ခဲ့ပါတယ်။     တမန်တော်မိုဟာမက်မွေးနေ့နဲ့ ဟိန္ဒူဘုရားပွဲတော်ဖြစ်သဖြင့် ဖေဖော် ဝါရီ ၆ ရက်နဲ့ ၇ ရက်မှာဈေးပိတ်မှာဖြစ် ပါတယ်။တောင်ကိုရီးယားဝမ်    ကမ္ဘာ့စီးပွားရေးပြန်လည်နာလန် ထူတော့မဲ့အရိပ်အယောင်တွေကြောင့် တောင်ကိုရီးယားစတော့ဈေးကွက်ထဲကို မတည်ငွေရင်း လှိမ့်ဝင်လာတဲ့အတွက် တောင်ကိုရီးယားဝမ်ရဲ့ တန်ဖိုးက စတုတ္ထမြောက် သီတင်းပတ်အဖြစ် ဆက်လက် မြင့်တက်ခဲ့ပါတယ်။    "ကမ္ဘာ့စီးပွားရေးကိန်းဂဏန်းတွေ မြင့်တက်လာတာနဲ့အတူ နိုင်ငံခြားရင်း နှီးမြှုပ်နှံသူတွေက ရှယ်ယာတွေကိုဝယ် ယူလာတဲ့အတွက် ဝမ်တန်ဖိုးမြင့်တက် ဖို့အကြောင်းဖန်လာခဲ့ပါတယ်" လို့ ဆိုးလ်မြို့အခြေစိုက် ငွေကြေးရောင်း ဝယ်သူ Kookmin Bank     မှ ယွမ်ဆန်း မင်းကပြောပါတယ်။    ဆိုးလ်မြို့မှာ ဝမ်ငွေကြေးရဲ့တန်ဖိုး က ယခုသီတင်းပတ်အတွင်း သုည ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ပြီး တစ် ဒေါ်လာကို ၁၁၁၈ ဒသမ ၀၇ ဝမ်နှုန်း ရှိခဲ့ပါတယ်။ထိုင်းဘတ်    ထိုင်းဗဟိုဘဏ်ရဲ့အဆိုအရ ဖေ ဖော်ဝါရီ ၂ ရက်နေ့ကနဲ့ နှိုင်းယှဉ်ရင် ဖေဖော်ဝါရီ ၃ ရက်မှာ ဘတ်ငွေတန်ဖိုး က သုည ဒသမ ၁၆ ရာခိုင်နှုန်းကျဆင်း  ပြီးတစ်ဒေါ်လာကို ၃၀ ဒသမ ၉၅ ဘတ်နှုန်းရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာ ၃၀ ရက်ကရှိခဲ့တဲ့ တစ်ဒေါ်လာ ၃၁ ဒသမ ၅၅ ဘတ်နဲ့နှိုင်းယှဉ်ရင် ၁ ဒသမ ၉၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။    မကြာသေးမီက စတော့ရှယ်ယာ နဲ့ ဘွန်းစာချုပ် ဈေးကွက်တွေက ငွေကြေးတွေ စီးဝင်လို့ ဘတ်ငွေတန်ဖိုး မြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ ပြည်ပမှာ ထိုင်းရင်းနှီးမြှုပ်နှံမှုတွေကြောင့် ဘတ် တန်ဖိုး အားနည်းစေခဲ့ပါတယ်။Sources:bloomberg,bernama, Mainichi Japan economictimes, indiatimes.com, nationmultimaedia.com