Main menu

Background

နောက်ထပ် လူစီးမော်တော်ယာဉ် (Sub Brand) အလိုက် ဈေးနှုန်းများ ထုတ်ပြန်လိုက်ပြီ

Mon, 02/06/2012 - 10:47 -- Anonymous (not verified)

    မော်တော်ယာဉ် တင်သွင်းခွင့် ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီသည် သက်တမ်းလွန် မော်တော်ယာဉ်များ အပ်နှံပြီး အစားထိုးတင်သွင်းရန်အတွက် သွင်းကုန်ပါမစ်များ ထုတ်ပေးခြင်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှ စတင်ဆောင်ရွက်ပေးခဲ့ရာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်အထိ ကာလ အတွင်း စုစုပေါင်း ကားတင်သွင်းရန် ပါမစ် ၂၃၉၃၇ စောင်  ခွင့်ပြုခဲ့ပြီးဖြစ် ကြောင်း သတင်းရရှိသည်။       တင်သွင်းခွင့်ပြုသည့် မော်တော် ယာဉ် ဈေးနှုန်းများ၊ လူစီးမော်တော် ယာဉ် ဈေးနှုန်းများ (Reconditioned)  နှင့် လူစီးမော်တော်ယာဉ် Sub-Brand   အလိုက်ဈေးနှုန်းများ(Reconditioned)ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏  Website တစ်ခုဖြစ် သော  www.commerce.gov.mm  တွင် ဇန်နဝါရီ ၁၀ ရက်တွင် တင်ထား သော "ကားအဟောင်း လဲလှယ်ရာတွင် မော်ဒယ် သတ်မှတ်ချက် မရှိဘဲ တင် သွင်း ခွင်ပြုလိုက်ပြီ" ဟူသော သတင်း တွင် အသေးစိတ် လေ့လာကြည့်ရှု နိုင်သည်။    ထိုြ့ပင် နောက်ထပ်လူစီးမော်တော် ယာဉ် (Sub Brand)) အလိုက်ဈေးနှုန်း များကို ဇန်နဝါရီ ၂၃ ရက် ထပ်မံထုတ် ပြန်လိုက်ကြောင်း သတင်းရရှိပါသည်။ သတ်မှတ်ထားသော ယာဉ်အုပ်စုတွင် မပါဝင်ဘဲBrand Name အသစ်ဖြင့် လျှောက်ထားလာသော ယာဉ်များ ဖြစ်ပါကလည်း  Internet အထောက် အထားများဖြင့် တင်ပြလာပါက မော် တော်ယာဉ် ကြီးကြပ်ရေးကော်မတီ၏ One Stop Service (OSS)  အဖွဲ့မှ စီစစ်ကာ ခွင့်ပြု ထုတ်ပေးသွားမည်ဖြစ် ကြောင်း သတင်းကောင်း ပါးအပ်ပါ သည်။အေးမွန်မွန်လှိုင် ထပ်မံထုတ်ပြန်လိုက်သည် လူစီးမော်တော်ယာဉ် (Sub Brand) အလိုက်ဈေးနှုန်းများ