ထိုင်းအစိုးရက ဆန်စပါး ကြားဖြတ်အစီအစဉ်ကို ဇူလိုင်လအထိ သက်တမ်းတိုးဖို့ စီစဉ်
ကမ္ဘာ့ဆန်တင်ပို့မှု အကြီးဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံက ဒုတိယသီးထပ်စပါးရိတ်သိမ်းစဉ်ကာလအတွင်း ဈေးနှုန်း အထောက်အပံ့ ဖြစ်စေဖို့ ဆန်စပါး ဝယ်ယူတဲ့ အစီအစဉ်ကို ဇူလိုင်လကုန်အထိ သက်တမ်းတိုးဖို့ စီစဉ်ကြောင်း၊ ထိပ်တန်းအရာရှိတစ်ဦးမှ ပြောကြားပါတယ်။ စီးပွားကူးသန်းဝန်ကြီးဌာနမှ အဲဒီအစီအစဉ်ကို ယခုသီတင်းပတ်အတွင်း တွေ့ဆုံမယ့် နိုင်ငံတော်ဆန် ကော်မတီကို တင်ပြထားကြောင်း ယင်းဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ဆိုပါတယ်။ လယ်သမားများမှာ စပါးသစ်ရိတ်သိမ်း တော့မှာဖြစ်လို့ အဲဒီအစီအစဉ်ကို ချက်ချင်းအတည်ပြုဖွယ်ရှိတယ်လို့ သိရပါတယ်။ အစီအစဉ်အသေးစိတ်ကို ပြောကြားခြင်းမရှိသေးပေမယ့် ဝယ်ယူတဲ့ဈေးနှုန်းက ယခင်ဝယ်ယူတဲ့ ဘတ် ၁၅၀၀၀ (ကန် ဒေါ်လာ ၄၉၀)ထက်တော့ လျော့မှာမဟုတ်ဘူးလို့ စီးပွားကူးသန်းဝန်ကြီး Boorsong Teriyapirom မှ ပြောကြားပါတယ်။ ၂၀၁၁ ခု သြဂုတ်လမှာ အာဏာရယူခဲ့တဲ့ ပြူထိုင်းအစိုးရဟာ ယခင်နှစ်အစပိုင်း ရွေးကောက်ပွဲ ဝင်စဉ် လယ်သမားများကို ကတိပြုခဲ့တာကြောင့် ကြားဖြတ်အစီအစဉ်ကို အောက်တိုဘာလ ၇ ရက်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ အစိုးရသိုလှောင်မှုထဲမှာ အပေါင်ခံအစီအစဉ်အရ စပါးတန်ချိန် ၆ သန်းရရှိဝယ်ယူထားလို့ ယခင် ရည်မှန်းထားတဲ့ ဆန်တန်ချိန် ၁၀ သန်းအောက်မှာဘဲရှိနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် ပြည်တွင်းဈေးကြီးမြင့် မှုကြောင့် ဝယ်လက် များက ဈေးသက်သာတဲ့ ဗီယက်နမ်နဲ့ အိန္ဒိယဆန်ကို ဝယ်ယူတဲ့ ထိုင်းနိုင်ငံရဲ့ ဆန်တင်ပို့ဈေးလည်း တဖြည်းဖြည်း ကျဆင်း လာခဲ့ပါတယ်။ ဇန်နဝါရီလအတွင်း ထိုင်းဆန်တင်ပို့မှုဟာ ယခင်နှစ်ကလာတူတင်ပို့ခဲ့တဲ့ တန်ချိန် ၉၂၂၀၀၀ နဲ့ယှဉ်ရင် ၅၈ ရာ ခိုင်နှုန်းကျဆင်းပြီး၊ တန်ချိန် ၃၈၇၀၀၀ သာ တင်ပို့နိုင်ခဲ့ပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာန စာရင်းအရ ဒုတိယ သီးထပ်စပါး တန်ချိန် ၁၁ ဒသမ ၁ သန်းအထိ ထွက်ရှိမယ်လို့ ခန့်မှန်းထားရာ ယခင်နှစ် ဒုတိယသီးထပ်စပါး ထွက်ရှိမှုထက် ၉ ရာခိုင်နှုန်း မြင့်တက်မယ်လို့ သိရပါတယ်။ လမင်း၊Source: riceonline
