လာမည့်လများတွင် ဆန်ဈေး ဆက်လက် ကျဆင်းနိုင်ဖွယ်ရှိသည်ဟု FAO ခန့်မှန်း

    ဖေဖော်ဝါရီလဆန်းပိုင်း အာရှဆန်ဈေးကွက်မှာ ထိုင်း ဆန်နဲ့ ဗီယက်နမ်ဆန်ဈေးနှုန်းတွေ တစ်တန်ကို ၅ ဒေါ်လာမှ ၂၀ ဒေါ်လာအကြားကျဆင်းလာတယ်။ အိန္ဒိယဆန်ကို ပြည်ပ မှ ဝယ်လိုအားပိုများနေခြင်းကြောင့် ထိုင်းဆန်နဲ့ ဗီယက်နမ် ဆန်ကို ဝယ်လိုအားလျော့ကျလာကာ ဈေးနှုန်းတွေလည်းအား နည်းလာတယ်။ ဗီယက်နမ်က ၎င်းင်းရဲ့ ပြည်ပတင်ပို့တဲ့ဈေးနှုန်း တွေကို လျှော့ချပေးခဲ့ရာ ဗီယက်နမ်ဆန်ဖြူ ၅ ရာခိုင်နှုန်းက တစ်တန်ကို ၄၄၀ ဒေါ်လာရှိတော့ရာ အိန္ဒိယဆန်ဖြူ ၅ ရာခိုင်နှုန်းထက် ဒေါ်လာ ၂၀ ဈေးသက်သာနေပြီး ပါကစ္စ တန်ဆန်ဖြူ ၅ ရာခိုင်နှုန်းထက်တော့ ၅ ဒေါ်လာ သာ ဈေး မြင့်တော့တာကို သုံးသပ်တွေ့ရှိရတယ်။ အိန္ဒိယနဲ့ ပါကစ္စတန် ဆန်ဖြူ ၂၅ ရာခိုင်နှုန်းရဲ့ ပြည်ပတင်ပို့တဲ့ ဈေးနှုန်းတွေမှာ တော့ တစ်တန်ကို ၁၅ ဒေါ်လာနဲ့ ၅ ဒေါ်လာစီအသီးသီး ဈေးမြင့်လာရာ ဗီယက်နမ်ဆန်ဖြူ ၂၅ ရာခိုင်နှုန်း ဈေးနှုန်းနဲ့ ကွာခြားချက်သိပ်မရှိတော့ကြောင်း ၊ ဗီယက်နမ် ၊ အိန္ဒိယနဲ့ ပါကစ္စတန်ဆန်ဖြူ ၂၅ ရာခိုင်နှုန်းဈေးနှုန်းတွေမှာ ၄၀၀ ဒေါ်လာ၊ ၃၉၀ ဒေါ်လာနဲ့ ၃၇၅ ဒေါ်လာစီ အသီးသီး ဖြစ် လာကြောင်း  riceonline website  မှာဖော်ပြထားတယ်။ အိန္ဒိယဆန်ဈေးမြင့်မားခြင်းမှာ ရူပီးငွေ တန်ဖိုးပြန်လည်မြင့်မား လာလို့ဖြစ်တယ်။  FAO ရဲ့ ခန့်မှန်းချက်အရ ကမ္ဘာ့ဆန် ရောင်းလိုအားမြင့်မားနေပြီး ဆန်သိုလှောင်ထားမှုများစွာ ရှိနေ ချိန်မှာ ဆန်တင်သွင်းတဲ့နိုင်ငံတွေရဲ့ ဝယ်လိုအားနည်းခြင်း ကြောင့် လာမယ့်လတွေမှာ ဆန်ဈေးဆက်လက်ကျဆင်းနိုင် ဖွယ် ရှိတယ်လို့ သိရတယ်။ပပSource:financiale press.comç riceonline.com