Main menu

Background

ဇန်နဝါရီလ မတ်ပဲတင်ပို့မှု ယခင်နှစ်ကာလတူထက် ထက်ဝက်ခန့်လျော့

Sun, 02/12/2012 - 06:35 -- Anonymous (not verified)

    ၂၀၁၂ ဇန်နဝါရီလအတွင်း မတ်ပဲတင်ပို့မှုကတော့ ယခင်လနဲ့ ယှဉ်ရင် အနည်းငယ်တိုးလာခဲ့ပေမဲ့ ၂၀၁၁ ဇန်နဝါရီလနဲ့ ယှဉ်ရင်တော့ ထက်ဝက်ခန့်လျော့ ကျတယ်လို့ သိရပါတယ်။၂၀၁၂ ခုနှစ် ဇန်နဝါရီ တစ်လလုံးမှာ မတ်ပဲတန်ချိန် ၂၈၀၀၀ နီးပါးသာရှိပြီး ယခင်နှစ်ကာလတူမှာ တန်ချိန် ၄၅၀၀၀ ခန့်ထိ တင်ပို့နိုင်ခဲ့ တာတွေ့ရပါတယ်။ ဇန်နဝါရီလ ၃၀ ရက်မှ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ တစ် ပတ်အတွင်း ပြည်ပတင်ပို့မှုမှာ တန်ချိန် ၅၅၀၀ ကျော်ရှိခဲ့ပါတယ်။    ၂၀၁၁ ခုနှစ်နှောင်းပိုင်း အိန္ဒိယဈေးကွက်မှာ အရည်အသွေးပြဿနာကြောင့် စင်ကာပူကုမ္ပဏီများ အရှုံးပေါ်ခဲ့ပြီးတဲ့နောက် အဝယ်နှေးလာတဲ့အတွက် အခုလို တင်ပို့မှုလျော့ကျခြင်းဖြစ်ကြောင်း ကုန်သည်များက ဆိုပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ မတ်ပဲစုစုပေါင်းတင်ပို့ပြီးစီးမှုမှာ တန်ချိန် ၅၂၀၀၀၀ ခန့်ရှိပြီး  ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၄၂၆ သန်းကျော်ရရှိထားကြောင်း သိရပါတယ်။ ယခင် ၂၀၁၀-၂၀၁၁ ကာလတူအတွင်း မတ်ပဲတန်ချိန် ၄၁၀၀၀၀ ကျော် တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၄၁၁ သန်းကျော်ရရှိခဲ့လို့ ယခုနှစ် ကာလတူ စုစုပေါင်း တင်ပို့ပြီးစီးမှုဟာ တန်ချိန် တစ်သိန်းကျော်ပိုမိုနေကြောင်း သိရပါတယ်။MIRT - MAPT