ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲ အရောင်းအဝယ်ဖြစ်မှုဟာ ယခင်တစ်ပတ်ထက် ၂ ဆခန့်တိုးတက်လာပါတယ်။ ယခင်တစ်ပတ်က မတ်ပဲတန်ချိန် ၆၅၀၀ ခန့်အရောင်းအဝယ်စာချုပ်ခဲ့ရာမှ ယခု တစ်ပတ် (ဖေဖော်ဝါရီလ ၃ ရက်မှ ၉ ရက်) အတွင်းမှာ မတ်ပဲ SQ၊ FAQနဲ့ အခွံချွတ်စုစုပေါင်းတန်ချိန် ၁၅၅၀၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ ယခင်နှစ်ကာလတူလောက် ပြည်ပအဝယ်မသွက်ပေမဲ့ ယခုရက်ပိုင်းမှာ မတ်ပဲအရောင်းအဝယ် သွက်လာခဲ့ပါတယ်။ ဝယ်လက်ကြိုက်ဈေးရနေတာဖြစ်ပြီး မတ်ပဲဈေးက အခြေခံဈေးဖြစ်နေပြီလို့ ကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်း အဝယ်သွက်ပေမဲ့ ယခုတစ်ပတ် ရန်ကုန် FOB ဈေးက ပြောင်းလဲမှုမရှိဘဲ ငြိမ် နေတာ တွေ့ရပါတယ်။ ဖေဖော်ဝါရီလ ၁၀ ရက် ရန်ကုန် FOB ဈေးမှာ မတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၅၃၀-၅၅၀ ၊ SQ တစ်တန် ကန်ဒေါ်လာ ၅၇၀-၅၉၀ ရှိကြောင်း သိရပါတယ်။MIRT - MAPT
Background