Main menu

Background

ပြည်မတ်ပဲသစ်များ ဈေးလျှော့သွားပေမဲ့ ပုံမှန်အရောင်းအဝယ်ဖြစ်

Sun, 02/12/2012 - 06:40 -- Anonymous (not verified)

    ပြည်ပဲဈေးကွက်သို့ ယခုတစ်ပတ်မှာတော့ မကွေးတိုင်းဒေသကြီး၊ ကံမ၊ ပြည်မြို့ နဲ့ အောင်လံကြားရွာများမှ ပဲသစ်များအဝင်ရှိပြီး၊ တစ်နေ့အိတ် ၁၀၀-၂၀၀ ခန့် အဝင်ရှိပါတယ်။ ပဲသစ်ပဲဟောင်းနှစ်မျိုးစလုံး ရန်ကုန်ဝယ်လက် အဝယ်ရှိသော်လည်း ယခုတစ်ပတ်မှာ ယခင်တစ်ပတ်ကလောက် အရောင်းအဝယ်မဖြစ်ခဲ့ပေမဲ့ ပုံမှန် အရောင်းအဝယ်ရှိတာကို တွေ့ရပါတယ်။ ယခုတစ်ပတ် ပဲတစ်တင်းကို ၁၂၅၀၀ ကျပ်ဈေးသာရြှိပီး ယခင်တစ်ပတ်ထက် ဈေးအနည်းငယ် လျော့သွားခဲ့ပါတယ်။ ပြည်ပဲဈေးကွက်မှ ရန်ကုန်ဘုရင့်နောင်သို့ ပဲတင်ပို့နိုင်မှုမှာ တစ်ရက်အိတ် ၂၀၀၀ ခန့်ရှိတယ်လို့သိရပါတယ်။                                        မိမိအေး