Main menu

Background

ဇန်နဝါရီလ ပဲစင်းငုံတင်ပို့မှု ယခင်နှစ်ထက် ၁ ဆပို

Sun, 02/12/2012 - 06:42 -- Anonymous (not verified)

    ၂၀၁၁ ခုနှစ် နှောင်းပိုင်းမှာ ပဲစင်းငုံတင်ပို့မှု ကျဆင်းခဲ့ရာမှ နှစ်ကုန်ပိုင်းမှစပြီး တင်ပို့မှုပြန်တက်လာခဲ့တာတွေ့ရပါတယ်။ ၂၀၁၂ ဇန်နဝါရီလ တစ်လလုံးမှာ ပဲစင်း ငုံတန်ချိန် ၄၄၀၀၀ ကျော်ထိ တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၂၄ သန်းကျော် ရရှိတယ်လို့ သိရပါတယ်။ ၂၀၁၁ ဇန်နဝါရီလအတွင်းမှာ ပဲစင်းငုံတင်ပို့မှုဟာ တန်ချိန် ၂၃၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၅ သန်းကျော်ရှိလို့ ယခုနှစ်မှာ တစ်ဆခန့် ပိုမိုတင်ပို့နိုင်ကြောင်း သိရပါတယ်။     လက်ရှိဘဏ္ဍာနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ စုစုပေါင်းတင်ပို့ပြီးစီးမှု တန်ချိန် ၂၅၀၀၀၀ ကျော်ရှိပြီး ဝင်ငွအားဖြင့် ကန်ဒေါ်လာ ၁၅၀ သန်းကျော်ရှိကာ ၂၀၁၀-၁၁ ဘဏ္ဍာနှစ်ကာလတူမှာ စုစုပေါင်း တန်ချိန် ၁၁၀၀၀၀ ကျော်နဲ့ ဝင်ငွေ အားဖြင့် ကန်ဒေါ်လာ ၉၃ သန်းကျော်ရှိကြောင်း သိရပါတယ်။ ဒါကြောင့် ဘဏ္ဍာ နှစ် ကာလတူတင်ပို့မှု နှိုင်းယှဉ်ရာမှာ ယခုနှစ်အတွင်း တစ်ဆကျော်ပိုမို တင်ပို့ ထားနိုင်ကြောင်း သိရပါတယ်။                                            MIRT - MAPT