Main menu

Background

ယခုတစ်ပတ် ရန်ကုန် FOB ဈေးကွက်မှာ ပဲစင်းငုံတန် ၂၂၀၀၀ ကျော် အရောင်းအဝယ်ဖြစ်

Sun, 02/12/2012 - 06:48 -- Anonymous (not verified)

    ရန်ကုန်တိုင်းဒေသကြီးဘုရင့်နောင်ကုန်စည်ဒိုင် FOB  ဈေးကွက်မှာ ယခုတစ် ပတ် (ဖေဖော်ဝါရီလ ၃-၉ ရက်)အတွင်း ပဲစင်းငုံတန် ၂၂၀၀၀ ကျော်အထိ အရောင်း အဝယ်စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ယခင်တစ်ပတ်ထက် ပဲစင်းငုံ စုစုပေါင်း အရောင်းအဝယ်ဖြစ်မှု တန်တစ်သောင်းခန့် ပိုမိုခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ပဲစင်းငုံ အထွက် လျော့မယ့်သတင်းများထွက်နေတဲ့အပြင် ဈေးကွက်အတွင်း ဝင်ရောက်မှုမှာ လည်း ယခင်နှစ်တွေထက် ပါးနေတာကြောင့် မြန်မာပဲစင်းငုံကို အဝယ်ပိုသွက် လာတာဖြစ်ပါတယ်။    အခုလို အရောင်းအဝယ်ဖြစ်မှုများပေမဲ့ ရန်ကုန် FOB   ဈေးကတော့ ငြိမ်နေတာ တွေ့ရပါတယ်။ ဖေဖော်ဝါရီလ ၁၀ ရက် ရန်ကုန် FOB  ဈေးအနေနဲ့ ဖေဖော်ဝါရီလဖြစ်ပေါ်တဲ့ ဈေးအတိုင်း ပဲစင်းငုံနီ တစ်တန် ကန်ဒေါ်လာ ၆၀၀-၆၂၀၊ ဖြူနီနဲ့အဖြူ တစ်တန် ကန်ဒေါ်လာ ၄၈၀-၅၀၀ နဲ့ ပဲစင်းငုံနီအဟောင်း တစ်တန် ကန်ဒေါ်လာ ၅၆၅-၅၈၅ ရှိကြောင်း သိရပါတယ်။MIRT - MAPT