Main menu

Background

မုံရွာငုံနီဈေးကွက် အဝယ်သွက်

Sun, 02/12/2012 - 06:56 -- Anonymous (not verified)

    ဖေဖော်ဝါရီလ ဆယ်ရက်ပတ် မုံရွာပဲစင်းငုံနီဈေးကွက်မှာ နယ်စုံကပဲ အဝင် သွက်လာပြီး၊ ရန်ကုန်ဝယ်လက် အနုတ်သွက်ခဲ့လို့ အရောင်းအဝယ် မြိုင်ဆိုင်ခဲ့တယ် လို့ သိရပါတယ်။ ဒီရက်ပတ်မှာ ပဲစင်းငုံသစ် တစ်တင်း ၁၄၇၀၀ ကျပ်ထိ အမြင့်ဆုံး ပေါက်ခဲ့ပြီး၊ အဟောင်းကတော့ ၁၃၅၀၀ ကျပ်ထိသာ ဈေးမာခဲ့ပါတယ်။ ရန်ကုန် ဝယ်လက် အဝယ်သွက်လို့ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်အိတ် ၁၀၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ဒေသခံ အဝယ်တော် တွေအနေနဲ့ များပြားလာတဲ့ အဝယ်အော်ဒါကြောင့် သိုလှောင်မှု အခက်အခဲ မဖြစ်ရအောင် ဝယ်ဝယ်သယ်သယ် လုပ်နေခဲ့ကြရလို့ ဒီတစ်ပတ် စီးဆင်းမှုလည်း မြင့်တက်ခဲ့တာ တွေ့ရပါတယ်။ ရန်ကုန်တင်တဲ့ ကုန်သည်အများစုဟာ အရင်က ကုန်းလမ်းကို အဓိကထားခဲ့ကြပေမယ့် သယ်ယူစရိတ်နဲ့ ယာဉ်အခက်အခဲတွေ ကြောင့် အခုအခါ ရေကြောင်းလိုင်းကို အားပြုခဲ့ကြတယ်လို့ ဆိုပါတယ်။ မုံရွာ ရန်ကုန်သယ်ယူစရိတ်ကို လေ့လာတဲ့အခါ ကုန်လမ်းကဆိုရင် တစ်ပိဿာ ၆၈ ကျပ်ပေးရပြီး၊ တစ်တင်းခွဲဝင် ပဲတစ်အိတ်ကို ၂၀၀၀ ကျပ်ခန့်ကျပါတယ်။ ရေလိုင်းက ဆိုရင် ပဲတစ်အိတ်ကို မုံရွာ၊ မြင်းမူခေါက်တိုခ ၅၀၀ ကျပ်၊ မော်တော်တန်ဆာခ တစ်အိတ် ၈၅၀ ကျပ်နဲ့ ကိုင်တွယ်စရိတ် ၈၀ ကျပ်ပေါင်းရင် ၁၄၃၀ ကျပ်ခန့်သာ ကုန်ကျတဲ့အတွက် ပဲတစ်အိတ် သယ်ယူခ ၆၀၀ ကျပ်ခန့်သက်သာပါတယ်။    ဒါကြောင့် ကုန်သည်အများစုက ရေလိုင်းနဲ့သာ ရန်ကုန်ကို တင်ပို့ခဲ့ကြတာ ဖြစ်ပြီး၊ ယခုရက်ပတ်မှာ မြင်းမူ ဆိပ်ကမ်းမှာ သင်္ဘော ၃ စီး တန် ၁၀၀၀ ကျော် တင်လျက်ရှိတယ်လို့ သိရပါတယ်။                                ထွန်းလှိုင်