Main menu

Background

ပဲလွန်းဖြူတင်ပို့မှုနဲ့ FOB ရောင်းဝယ်မှု ကောင်းနေ

Sun, 02/12/2012 - 07:00 -- Anonymous (not verified)

    ပြည်ပကို ပဲလွန်းဖြူ တင်ပို့မှုမှာ ယခင်တစ်ပတ်ထက် ပိုလာပါတယ်။ ယခင် တစ်ပတ်က တန်ချိန် ၂၇၀ ခန့် တင်ပို့မှုရှိခဲ့ပြီး ယခုတစ်ပတ် (ဇန်နဝါရီ ၃၀ - ဖေဖော်ဝါရီ ၃) အတွင်းမှာတော့ တန်ချိန် ၃၇၀ ကျော်ထိ ပိုမိုတင်ပို့လာ တာ တွေ့ရပါတယ်။ ယခုတစ်ပတ်တင်ပို့ တဲ့ နိုင်ငံများကတော့ အင်ဒိုနီးရှား၊ ကိုရီး ယား၊ မလေးရှား၊ ပါကစ္စတန်၊ စင်ကာပူ နဲ့ ထိုင်းတို့ကိုဖြစ်ပါတယ်။ ၂၀၁၂ ဇန်န ဝါရီလ တစ်လလုံးမှာ ပဲလွန်းဖြူ တန် ၁၂၀၀ခန့် တင်ပို့ခဲ့ပြီး ၂၀၁၁ ဇန်နဝါရီ လအတွင်းမှာ တန်ချိန် ၅၇၀ ကျော် တင်ပို့ခဲ့လို့ ယခုနှစ်ကာလတူမှာ ပမာဏ ပိုမိုတင်ပို့နိုင်ကြောင်း သိရပါတယ်။    ရန်ကုန် FOB ဈေးကွက်မှာ ပဲလွန်းဖြူ အရောင်းအဝယ်ဖြစ်မှုမှာ ဖေဖော်ဝါရီ လ ၃ ရက်မှ ၉ ရက်အတွင်း တန်ချိန် ၁၅၀၀ ခန့်ဖြစ်ခဲ့ပြီး ယခင် တစ်ပတ်မှာ တန်ချိန် ၂၀၀၀ ကျော်ထိ အရောင်းအဝယ်စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတော်တော် များများ က အကြိုက်တွေ့တဲ့ ပဲဖြစ်လို့ လာမယ့် ကာလ တွေမှာလည်း အရောင်းအဝယ် ဖြစ်မှုများနိုင်ကြောင်းခန့်မှန်းကြပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင် တစ် ပတ်အတိုင်း ငြိမ်နေတာတွေ့ရပြီး၊ ဖေ ဖော်ဝါရီလ ၁၀ ရက်မှာ FAQ တစ် တန်ကန်ဒေါ်လာ ၆၃၀-၆၅၀နဲ့ SQ တစ် တန်ကန်ဒေါ်လာ၇၈၀-၈၀၀ ရှိကြောင်း သိရပါတယ်။          MIRT - MAPT