ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုမှာ ယခင်သီတင်းပတ်ထက် ပိုလာခဲ့ပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၃၀၀၀ တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (ဇန်နဝါရီ ၃၀-ဖေဖော်ဝါရီ ၃)အတွင်းမှာ တန်ချိန် ၄၃၀၀ ကျော်ထိတင်ပို့နိုင်ခဲ့ကြောင်းသိရ ပါတယ်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ တစ်လလုံးတင်ပို့မှုအနေနဲ့ တန်ချိန် ၁၄၀၀၀ ကျော်ရှိပြီး ယခင်နှစ် ကာလတူအတွင်းမှာ တန်ချိန် ၁၂၅၀၀ ခန့်တင်ပို့ခဲ့လို့ ယခုနှစ် ကာလတူမှာ အနည်းငယ် ပိုတင်ပို့ပြီးကြောင်း သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၁၂ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ ပဲတီစိမ်းတင်ပို့ပြီးစီးမှုမှာ တန်ချိန် ၂၅၃၀၀၀ ခန့်ရှိပြီး ဝင်ငွေ အားဖြင့် ကန်ဒေါ်လာ ၂၃၆ သန်းကျော်ရရှိထားကြောင်းသိရပါတယ်။ ယခင် ၂၀၁၀-၁၁ ဘဏ္ဍာနှစ် ကာလတူအတွင်း တင်ပို့ပြီးစီးမှုဟာ တန်ချိန် ၂ သိန်းကျော်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၂၂၉ သန်းကျော်ရှိလို့ ယခုနှစ်မှာ တန် ၅ သောင်း ကျော်ပိုမိုတင်ပို့ထားကြောင်း သိရပါတယ်။ ဝယ်လက်ကြိုက် ခရမ်း၊ သုံးခွ ပဲတီများလည်း ဝင်လာနေပြီဖြစ်လို့ လာမယ့် ရက် တွေမှာလည်း ပိုမိုတင်ပို့နိုင်မယ်လို့ ခန့်မှန်းရပါတယ်။ MIRT - MAPT
Background