Main menu

Background

ပဲတီစိမ်းတန် ၁၁၀၀ ကျော် နယ်စပ်စခန်းများမှ အပို့ရှိ

Sun, 02/12/2012 - 07:09 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်တို့မှ ကန်ဒေါ်လာ သုည ဒသမ ၇၇၈ သန်းတန်ဖိုးရှိ  ပဲတီစိမ်း ၁၁၁၄ တန်ကျော်ကို ဖေဖော်ဝါရီလ ၁ ရက်မှ ၇ ရက်ထိကာလ အတွင်း တစ်ဘက်အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့မှုရှိခဲ့ပါတယ်။ ဇန်နဝါရီလ ၂၅ ရက်မှ  ၃၁ ရက်ထိကာလက ၅၇၁ တန်ကျော်သာ အပို့ရှိခဲ့တဲ့အတွက် ယခုအပတ်မှာ ၅၄၃ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် တင်ပို့မှုတွေကတော့ မူဆယ်မှ ၉၇၅ တန်ကျော်နဲ့ မြဝတီမှ ၁၃၉ တန် အသီးသီးဖြစ်ပါတယ်။     ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၂၆၈ သန်းတန်ဖိုးရှိ ပဲတီစိမ်းအခြမ်း ၂၈၄ တန်ကျော်အပို့ရှိခဲ့ပြီး ယခင် အပတ်ကထက် တန် ၂၂၀ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဇန်နဝါရီလတစ်လလုံးမှာပဲတီစိမ်းတန် ၃၀၀၀ ကျော်အပို့ရှိခဲ့ပြီး ဧပြီ လမှ ဇန်နဝါရီလအထိ ၁၀ လတာ ကာလမှာတော့ တန် ၁၃၃၄၇၀ ကျော် နယ်စပ်မှတင်ပို့ထားပြီးဖြစ်ပါတယ်။ မိမိဘက်ရော တစ်ဘက်နိုင်ငံမြေပြင်ဈေးများ ယခုအပတ်မှာ မြင့်တက်လျက်ရှိပါတယ်-                            မိမိဘက်(ကျပ်/တန်)                      တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                               ယခု         ယခင်     ပြောင်းလဲမှု     %     ယခု      ယခင်    ပြောင်းလဲမှု    %ပဲတီစိမ်း     ၅၇၃၉၁၀    ၄၉၆၇၃၁       ၇၇၁၇၉     ၁၆     ၈၃၉      ၇၉၀          ၄၉         ၆ MIRT (DOBT)