ယခုနှစ်အတွင်း ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းအတွင်းမှာ ဆောင်းပဲတီစိမ်းလျာထားစိုက်ဧက ၂၁၀၀၀ ကျော်မှ ဧက ၂၄၀၀၀ ကျော်စိုက်ပျိုးနိုင်ခဲ့တဲ့အတွက် လျာထားတာထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်းသိရပါတယ်။ ပြည်ဈေးကွက်အတွင်းသို့ ပဲတီစိမ်းဝင်ရောက်မှုမှာ ဇန်နဝါရီကလောက် အဝင်မများတော့ဘဲ ပဲအဝင်ကျဲသွားခဲ့ပါတယ်။ တစ်ရက်အိတ် ၃၀၀ ကျော်သာ အဝင်ရှိခဲ့တဲ့အတွက် ပဲလက်ကျန်များနဲ့ ဝင်ရောက်လာတဲ့ပဲသစ်များ စုစုပေါင်းအိတ် ၅၀၀ ကျော်ခန့် အရောင်းအဝယ်ဖြစ် ခဲ့ကြပါတယ်။ ရန်ကုန်ဝယ်လက်လည်း အဝယ်ရှိပြီး ပဲတစ်တင်း ၁၅၀၀၀ ကျပ်ဖြင့် ဈေးလျော့သွားခဲ့ပေမယ့် နေ့စဉ်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
Background