Main menu

Background

ယခုတစ်ပတ် ကုလားပဲတင်ပို့မှု မရှိပေမဲ့ အရောင်းအဝယ်အနည်းငယ်ရှိ

Sun, 02/12/2012 - 07:29 -- Anonymous (not verified)

    ယခုတစ်ပတ်အတွင်း ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီး တင်ပို့မှုမရှိ ပေမဲ့ FOB  ဈေးကွက်မှာတော့ အသစ်ဝင်လာတဲ့ ပဲအနည်းငယ်အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၃ ရက်မှ ၉ ရက်အတွင်း ကုလားပဲဖြူလုံးကြီးFAQ  နဲ့ ခွဲခြမ်း တန်ချိန် ၅၂၀ ကျော် အရောင်းအဝယ်စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အသစ်လှိုင်လှိုင်ဝင်ရောက်လာပါက အရောင်းအဝယ်ပမာဏပိုမိုနိုင်ကြောင်း ခန့်မှန်း ကြပါတယ်။ ရန်ကုန် FOB  ဈေးအနေနဲ့ ယခင်တစ်ပတ်အတိုင်း ဖေဖော်ဝါရီလ ၁၀ ရက်မှာလည်း FAQ  တစ်တန် ကန်ဒေါ်လာ ၇၀၀-၇၂၀  ရှိကြောင်း သိရပါ တယ်။                         MIRT - MAPT