Main menu

Background

အိန္ဒိယကုလားပဲအထွက် လျော့ကျတာကြောင့် ကုလားပဲဈေး ၇ ရာခိုင်နှုန်းခန့် မြင့်တက်နိုင်

Sun, 02/12/2012 - 07:35 -- Anonymous (not verified)

    ရာသီဥတု ဆိုးဝါးသဖြင့်  ကုလားပဲအထွက်လျော့ကျမှုကြောင့် ဧပြီလမှစပြီး၊ ကုလားပဲဈေးနှုန်း ၇ ရာခိုင်နှုန်း ခန့် မြင့်တက်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ကုလားပဲ အဓိကစိုက်ပျိုးတဲ့အင်ဒရာပရာဒေ့ရ်ှ၊ကာနာတာကာ၊မဟာရပ်ရှတရာနဲ့ရာဂျက်စသန် တို့မှာ ရာသီဥတုအခြေအနေ ဆိုးဝါးတာကြောင့် သီးနှံများ ထိခိုက်ခဲ့ပြီး၊ ကုလားပဲ ထွက်ရှိမှုဟာ ၁၀ ရာခိုင်နှုန်းခန့် လျော့ကျနိုင်တယ်လို့ အိန္ဒိယ ပဲမျိုးစုံနဲ့ သီးနှံအသင်း ဥက္ကဌ  Mr  Pravin  Dangre မှ ပြောကြားပါတယ်။    အစိုးရစာရင်းများအရ ယခင်နှစ်က ထုတ်လုပ်မှု တန်ချိန် ၈ ဒသမ ၂ သန်း ခန့်ရှိခဲ့တဲ့အတွက် ဈေးနှုန်းကို မြင့်တက်စေခဲ့ပြီး ယခုနှစ်မှာလည်း ဧပြီလကစပြီး ၅-၇ ရာခိုင်နှုန်းခန့် မြင့်တက်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ အလားတူ စုစု ပေါင်း ပဲမျိုးစုံ ထုတ်လုပ်မှုကလည်း ယခင်နှစ်က တန်ချိန် ၁၈ သန်းရှိရာမှ တန်ချိန် ၁ သန်းကျဆင်းပြီး တန် ၁၇ သန်းခန့်ထွက်ရှိနိုင်တယ်လို့ ဆိုပါတယ်။    တင်သွင်းမှုအနေနဲ့ ယခုနှစ် မတ်လတိုင်အောင် တင်သွင်းမှုဟာ ယခင်နှစ် တင်သွင်းခဲ့တဲ့ တန်ချိန် ၂ ဒသမ ၆ သန်းနဲ့ အလားတူ သို့မဟုတ် အနည်းငယ်ပိုပြီး တင်သွင်းရဖွယ်ရှိတယ်လို့Mr  Dongre  မှ ပြောကြားပါတယ်။ ရူပီး တန်ဖိုး ကျဆင်းခြင်းက တင်သွင်းမှုကို နည်းပါးစေပါတယ်။ ဒါပေမယ့် ကျန်တဲ့ လတွေမှာ တော့ တင်သွင်းမှု မြင့်တက်ဖွယ်ရှိတယ်လို့လည်း ၎င်းင်းက ဆိုပါတယ်။    ယခုနှစ် ပဲအထွက် ကျဆင်းဖွယ်ရှိတာကြောင့် ၂၀၁၂-၁၃ မှာ ပဲတင်သွင်းမှုက ၅-၇ ရာခိုင်နှုန်းခန့် မြင့်တက်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။ ရောင်းလိုအားနဲ့ ဝယ် လိုအား ကွာဟမှုကို ဖြည့်ဆည်းဖို့ သြစတြေးလျ၊ ကနေဒါ၊ မြန်မာနဲ့ အာဖရိကတို့လို နိုင်ငံများက အဓိက တင်သွင်းရမယ်လို့ Mr  Dongre က ဆိုပါတယ်။ယမင်းခင်၊Source: PTI