အောင်ပန်းဈေးကွက်ထဲကို ဟဲဟိုးမြို့နယ်တစ်ဝိုက်ကထွက်တဲ့ချင်းတွေ ပုံမှန် အဝင်ရှိနေပါတယ်။ တစ်ပတ်ကို ပိဿာချိန် ၂၅၀ - ၃၀၀ အဝင်ရှိနေပြီး၊ ဈေးပတ် သမားတွေ ဝယ်နေတာကြောင့် ပုံမှန်လောက်သာ အရောင်း အဝယ်ဖြစ်နေပါတယ်။ ယခုလောလောဆယ်မှာတော့ ပြင်ဦးလွင်က ချင်းတွေလည်း ဈေးကွက်ကို ဝင်နေပြီး၊ အောင်ပန်းချင်းတွေထက် ဈေးနိမ့်တာကြောင့် မန္တလေး၊ ဝယ်လက်တွေက ပြင်ဦးလွင် ချင်းတွေကိုသာ ဝယ်ယူနေလို့ အောင်ပန်းချင်းက အရောင်းသိပ်မသွက်ဘူးလို့ သိရ ပါတယ်။ အောင်ပန်းချင်းက တစ်ပိဿာကို ၂၈၀ ကျပ် - ၃၅၀ ကျပ် ဈေးရှိပါတယ်။ ချင်းခြောက်ကလည်း အနည်းအကျဉ်းလောက်သာ အဝင်ရှိနေပြီး၊ တစ်ပတ်ကို ပိဿာချိန် ၁၀၀ လောက်သာ အဝင်ရှိပါတယ်။ ပရဆေးဖော်ဖို့အတွက်သာ အဝယ် ရှိတာကြောင့် လက်လီလောက်သာ ရောင်းနေရ တယ်လို့လည်း သိရပါတယ်။ ချင်းခြောက်ကတော့ တစ်ပိဿာကို ၁၅၀၀ ကျပ် - ၁၆၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ဧဧခိုင်
Background