Main menu

Background

မန်ကျည်းစေ့ ယခုနှစ်မှာ ပို့အားကောင်း

Sun, 02/12/2012 - 07:46 -- Anonymous (not verified)

    ဒီသီတင်းပတ်ဖြစ်တဲ့ ဇန်နဝါရီလ ၂၉ ရက်မှ ဖေဖော်ဝါရီ ၄ ရက်တာကာလ အတွင်း မန်ကျည်း ၇၁၄ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ ပြည်ပကို တင်ပို့နိုင်ခဲ့ပါတယ်။ ဒီသီတင်းပတ်မှာတော့ အင်ဒိုနီးရှားနိုင်ငံကို ၁၂၂ တန်၊ မလေး ရှားနိုင်ငံကို ၁၉၂ တန်၊ ပါကစ္စတန်နိုင်ငံကို ၃၂၅ တန်နဲ့ စင်ကာပူနိုင်ငံကို ၇၅ တန် အသီးသီးတင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခင်သီတင်းပတ်မန်ကျည်းတင်ပို့မှုက တန်ချိန် လေးရာနီးပါးရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန် ၃၀၀ ကျော်လောက်ပိုမို တင်ပို့နိုင်တာတွေ့ရပါတယ်။ FOB ဈေးတစ်တန်ကို ကန်ဒေါ်လာ ၇၀၀ မှ ၈၀၀ ကြားရရှိခဲ့လို့ စုစုပေါင်း ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ငါးသိန်းကျော်ရရှိခဲ့ပါတယ်။     ဇန်နဝါရီလ လချုပ်အနေနဲ့ မန်ကျည်းတင်ပို့မှုမှာ ၁၃၈၂ တန်ရှိခဲ့ပါတယ်။ ၂၀၁၁ ဒီဇင်ဘာလမှာ မန်ကျည်းတင်ပို့မှုပျောက်ခဲ့တာကြောင့် ဇန်နဝါရီလ မန်ကျည်းတင်ပို့မှုက အားကောင်းခဲ့ပါတယ်။ ကာလတူဖြစ်တဲ့ ၂၀၁၁ ဇန်နဝါရီလ မှာ မန်ကျည်းတန် ၄၀ သာ တင်ပို့နိုင်ခဲ့တာကြောင့် ဒီနှစ်မှာ မန်ကျည်းပို့အားကောင်း ခဲ့တယ်လို့ ဆိုရပါမယ်။                        MIRT (DOT)