Main menu

Background

ကြက်သွန်ဖြူဈေးမြင့်နိုင်ဖွယ်မရှိ၍ အိန္ဒိယစိုက်ပျိုးသူများ လက်ဝယ်သိုလှောင်မထားရန် တိုက်တွန်းထား

Sun, 02/12/2012 - 07:46 -- Anonymous (not verified)

    နိုင်ငံတကာ ကြက်သွန်ဖြူဈေးနှုန်းတွေ မြင့်မားနိုင်ဖွယ်မရှိရာ အိန္ဒိယပြည်တွင်း ကြက်သွန်ဖြူ စိုက်ပျိုးသူတွေ ကို ကြက်သွန်ဖြူတွေကို ရိတ်သိမ်းပြီးပြီးချင်း ရောင်းချဖို့ အကြံပေးထားတယ်လို့ သိရတယ်။ လက်ရှိအိန္ဒိယပြည်တွင်း ကြက်သွန်ဖြူဈေးနှုန်း တွေမှာ တစ်ကွမ်တယ်ကို ၇၅-၈၀ ရူပီး (တစ်တန်ကို ကန်ဒေါ်လာ ၁၅၂၃-၁၆၂၅) ဖြစ်တယ်။ ပြည်တွင်းကုန်စည်တွေ တင်ပို့ရေးနဲ့ ဈေးကွက်ရှာဖွေရေးအဖွဲ့က လွန်ခဲ့တဲ့ (၅) နှစ်ကျော် ဈေးနှုန်းတွေကိုသုံးသပ်ပြီး အကြံပေးတယ်လို့ သိရတယ်။    အိန္ဒိယက ကမ္ဘာမှာ ဒုတိယမြောက် ကြက်သွန်ဖြူစိုက်ပျိုးဧက အများဆုံးနဲ့ ထုတ်လုပ်မှုပမာဏ အများဆုံးနိုင်ငံဖြစ်တယ်။ပပSource:freshplaza.com