Main menu

Background

ပြည်နယ်အေဂျင်စီများမှ နနွင်းဝယ်ယူဖို့ အိန္ဒိယအစိုးရရဲ့ ခွင့်ပြုချက်ရရှိရေး တောင်သူများကြိုးစားနေ

Sun, 02/12/2012 - 07:51 -- Anonymous (not verified)

    အိန္ဒိယမှာ နနွင်းဈေးက ထုတ်လုပ်မှုစရိတ်နားကပ်အောင် ကျဆင်းနေတဲ့အတွက် တောင်သူများက အစိုးရဝယ် ယူခြင်းမှ အထောက်အပံ့ရဖို့ကြိုးစားနေပါတယ်။ နနွင်းက အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း နည်းစနစ်အရ ဈေးမရရှိ တဲ့အတွက် ပြည်နယ်အေဂျင်စီများက စီးပွားဖြစ်အခြေခံပြီး တောင်ပိုင်းမှ အဝါရောင် နနွင်းကိုသာ ဝယ်ယူကြတယ်လို့ သိရပါတယ်။    ယခင်နှစ်က နီဇမ်မာဘတ်မှာ နနွင်းတစ်ကီလို ရူပီး ၁၂၀ (ကန်ဒေါ်လာ ၂ ဒသမ ၄၂)ဈေးနဲ့ တောင်သူတွေ ရောင်းချခဲ့ရပြီး လက်ရှိမှာတော့ တစ်ကီလို ရူပီး ၄၇ (ကန်ဒေါ်လာသုည ဒသမ ၉၅)သာရှိပါတယ်။ ယခင်လက ဈေးနှုန်းကျဆင်း နေမှုကို ကာကွယ်ဖို့နဲ့ ပြည်နယ်အေဂျင်စီများ ဝယ်ယူဖို့အတွက် ဝယ်လိုအားကို တွန်းအားပေးဖို့ အတွက် တောင်သူ တော်တော်များများက ဈေးကွက်ဝင် လေလံရောင်းချခြင်းများ ရှောင်ရှားခဲ့ကြပါတယ်။ နနွင်း ထုတ်လုပ်မှုစရိတ်ဟာ တစ်ကီလို ရူပီး ၄၀ (ကန်ဒေါ်လာသုညဒသမ ၈၁)ရှိနေတဲ့အတွက် လက်ရှိဈေးနဲ့ ရောင်းချဖို့ အခက် အခဲဖြစ်နေကြပါတယ်။    ဒါကြောင့်လည်း အင်ဒရာပရာဒေ့ရှ်အစိုးရက ဈေးနှုန်းတည်ငြိမ်စေဖို့ ဈေးကွက်ကြားဖြတ်အစီအစဉ်အရ ဈေးကွက်တွေက နနွင်းတန်ချိန် ၂၅၀၀၀၀ ခန့် ဝယ်ယူဖို့အတွက် ဗဟိုအစိုးရရဲ့ အတည်ပြုချက်ရရှိရေး ကြိုးစားနေပါတယ်။ ပြည်နယ်အစိုးရဟာ နနွင်းတစ်တန် ရူပီး ၄၅၀၀၀ (ကန်ဒေါ်လာ ၉၀၉)နဲ့ နနွင်းဝယ်ယူဖို့ တောင်းဆိုထားကြောင်း အစိုးရ အရာရှိများက ပြောကြားပါတယ်။အစိုးရအနေနဲ့ တင်ပြထားတဲ့ ပမာဏနဲ့ ဝယ်ယူဈေးနှုန်းတို့ကို အတည်ပြုခဲ့ပြီးဖြစ်လို့ ပြည်နယ် အစိုးရက အော်ဒါများ လက်ခံရရှိတာနဲ့ နီဇမ်မာဘတ်လို အဓိက နနွင်းဈေးကွက်များမှာ ဝယ်ယူရေးစင်တာများနဲ့ ဖွင့်လှစ် သွားမယ်လို့ ဆိုပါတယ်။ စုစုပေါင်းဝယ်ယူမယ့် နနွင်းတန် ၂၅၀၀၀ ကို AP  Markfed နဲ့ Nafed   သမများက တန်ချိန် ၁၂၅၀၀ စီ ဝယ်ယူသွားမယ်လို့ သိရပါတယ်။ ဝယ်ယူရေး အေဂျင်စီများက ဈေးကွက်မှာ ပြန်ရောင်းချပြီး၊ ဆုံးရှုံးမှုရှိခဲ့ရင် ဆုံးရှုံးမှုရဲ့ ၂၅ ရာခိုင်နှုန်းကို အစိုးရက မျှဝေပေးသွားမယ်လို့လည်း အတည်ပြုထားကြောင်း သိရပါတယ်။ အင်ဒရာပရာဒေ့ရှ်နဲ့ တမီနာဒူးမှာ နနွင်းစိုက်တဲ့ တောင်သူများဟာ ယခုနှစ်ထုတ်လုပ်မှု စံချိန်တင်မြင့်တက်ခဲ့တာ ကြောင့် ဈေးနှုန်းသိသိသာသာ ကျဆင်းခဲ့တဲ့အတွက် ၎င်းင်းတို့ သိုလှောင် နနွင်းများ ဝယ်ယူရေး ဗဟိုအစိုးရကို တောင်းဆိုထားကြောင်းလည်း သိရပါတယ်။    ယခင်နှစ်က နနွင်းတစ်အိတ် ၇၅ ကီလိုပါ အိတ် ၆ ဒသမ ၅ သန်းထွက်ရှိခဲ့ရာမှ ယခုနှစ်မှာ အိတ် ၉ သန်းဝန်းကျင်ထိ ထွက်ရှိခဲ့ကြောင်း သိရပါတယ်။ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ လက်ကျန် အိတ် ၁ ဒသမ ၅ သန်းရှိနေလို့ ယခုနှစ် ရရှိနိုင် မယ့် နနွင်းအိတ် ၁၀ ဒသမ ၅ သန်းအထိရှိနိုင်မယ်လို့ သိရပါတယ်။ နနွင်းသစ်များဟာ ဈေးကွက်တွေကို ဝင်ရောက်နေပြီဖြစ်ပြီး၊ နနွင်းဝင်ရောက်မှုတိုးလာပါက နနွင်းဈေးထပ်မံကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။    အစိုးရအနေနဲ့ တောင်သူတွေ သိုလှောင်နိုင်တဲ့ အအေးခန်းသိုလှောင်ရုံ ပစ္စည်းများနဲ့ ထောက်ပံ့မယ်ဆိုရင် ယခုလို ဈေးနှုန်းထိခိုက်တဲ့ ဒဏ်ခံရဖွယ်မရှိဘူးလို့ မွန်ဘိုင်းရှိ နနွင်းကုန်သည်များက ဆိုပါတယ်။ အကယ်လို့ အဲဒီလို မဟုတ်ဘဲ ဈေးနှုန်းထပ်မံကျဆင်းမယ်ဆိုရင် လာမယ့်နှစ်မှာ တောင်သူတွေ စိုက်ပျိုးမှု ၄၀ ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့လည်း ဆိုပါတယ်။ ယခုဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလအထိ နနွင်းတန်ချိန် ၅၈၀၀၀ တင်ပို့ပြီးဖြစ်လို့ ယခင်နှစ် တင်ပို့ခဲ့တဲ့ တန်ချိန် ၃၅၀၀၀ ထက် ပိုမိုကြောင်း သိရပါတယ်။                                              ယမင်းခင်၊Source: hindubusinees